[4]

840 33 2
                                    

Unicode /

ဦးမင်းရံ၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် အစည်းအဝေးသည်လည်း ပြီးမြောက်သွားလေသည်။ လူတိုင်းထွက်ခွာသွားကြပြီး တစပြင်ပမာတိတ်ဆိတ်သွားသည်။ ထူးဆန်းစွာတိတ်ဆိတ်သွားသော အခန်းကြောင့် ကျန်ရှိနေခဲ့သော၃ ယောက်အနက် ပြဒါးရံနှင့် ယွန်းဟေမီသည် စိတ်ကျဉ်းကျပ် နေရခက်လာသောကြောင့် ထိုအန္တရာယ်ရှိသော အခြေအနေမှလွတ်မြောက်ကျော်လွှားနိုင်ရန် တစ်ဦးတည်းသော ထွက်ပေါက်ကို လိုက်လံရှာဖွေလျက်ရှိသည်။ မကြာမှီပင် ဦးမင်းရံက သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး ပြဒါးရံကိုစတင်စကားပြောလာခဲ့သည်။

"ရံလေး.... ခုချက်ချင်း ဒယ်ဒီနဲ့ CEOရုံးခန်းထဲကိုလိုက်ခဲ့"

ထိုအသံအနေအထားနှင့် အနည်းငယ်ခက်ထန်နေသော ပတ်ဝန်းကျင်ကြောင့် သူ့အတွက် ရာသီဥတုအခြေအနေက လုံးဝကောင်းနိုင်မည် မဟုတ်မှန်း ပြဒါးရံ ရိပ်မိလာသည်။ရုံးခန်းထဲသို့ရောက်သည်နှင့် ဦးမင်းရံက ချုပ်တည်းထားသမျှကို လွတ်လပ်စွာလွှတ်ချလိုက်လေသည်။

" ဘယ်လိုလုပ်လိုက်တာလဲ ရံလေး ၊သိပ်ကိုစွန့်စားလွန်းရာကြတယ်။ ဒါက မာယာသစ္စာနဲ့ သားနဲ့ကြားက စိမ်ခေါ်မှုတင်မကဘူး....... KKရဲ့ အနာဂတ် CEOနေရာနဲ့ပါ ပက်သတ်နေတဲ့ကိစ္စ၊ ရလဒ်ကမျှော်လင့်ထားသလို ဖြစ်မလာခဲ့ရင် KKက သားကိုတစ်သက်လုံး ဆုံးရှုံးလိုက်ရမှာ ...."

ထိုနောက်ဦးမင်းရံက ပြောနေသည်ကိုရပ်တန့်လိုက်ပြီး တိတ်ဆိတ်နေခဲ့သည်။ အချိန်အနည်းငယ် ကြာရှည်သောအခါတွင်မှ တိုးဖွတိမ်ဝင်သောလေသံဖြင့် ထပ်မံပြောလာခဲ့သည်။

" ဒယ်ဒီ့ရဲ့အိမ်မက်တွေကော "

ထိုယောက်ျား၏အသွင်သည် အမှန်စင်စစ် စိတ်သောကရောက်နေဟန်ပေါ်ပြီး သေရေးရှင်ရေးမျှ အရေးကြီးသောကိစ္စကို တစ်ယောက်ထဲဖြေရှင်းနေရပုံပေါ်သည်။ ကျဉ်းထဲကျပ်ထဲရောက်နေသော အခြေအနေတွင် ရေနစ်သူဝါးကူထိုး လိုက်သောသားဖြစ်သူ၏ လုပ်ရက်ကြောင့် အစမပျိုးရသေးသော ဦးမင်းရံ၏အိမ်မက်သည် တစ်စုံတစ်ယောက်၏ ရက်စက်စွာနင်းခြေဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်။

Hate Poem Written With Love࿐Where stories live. Discover now