[20]

498 17 0
                                    

[Unicode]

" ဘယ်လိုလုပ်ပြီး Mirror နှစ်ယောက်တောင်ဖြစ်နေရတာလဲ "

ထိုအသံမှ၍ နောက်ထပ် တစ်ယောက်တစ်ပေါက် ထွက်လာသော အသံများသည်လည်း ခပ်ဆင်ဆင်ပင်ဖြစ်သည်။

" သူတို့နှစ်ယောက်က တကယ်တူတာပဲ "

" အမွှာတွေလား "

သို့သော်အမွှာဟု ပြောရအောင်လည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်နေသောအကြည့်များက အမှုန့်ကြိတ်ပြာချပစ်မည်ဟူသော အကြည့်မျိုးဖြစ်သည်။ ယွန်းဟေမီဘေးတွင် ရှိနေသော Mirrorက တစ်ဆတ်ဆတ်တုန်နေအောင် ဒေါသထွက်လာရင်း ထိုမိန်းမပျိုကို ကြိမ်းမောင်းလိုက်သည်။

" ပါးစပ်ပိတ်ထား ငါကမှ Mirrorအစစ်ပဲ။ ရုပ်တူရုံနဲ့ ငါ့နေရာကိုဝင်ယူဖို့ ဇာတ်လမ်းမဆင်နဲ့ "

စုတ်ပြတ်နေသော Mirrorက တင့်တင့်တယ်တယ်နှင့် ခွဲမရအောင်တူသော Mirrorကို အချက်အလက် အပြည့်အစုံဖြင့် ပြန်ငြင်းဆန်‌လေသည်။

" ဒါဆို ဘယ်သူမှမသိတဲ့ နင့်ရဲ့လျှို့ဝှက်ချက်တွေကို နင်ပြောပြနိုင်လား "

" ငါ့မှာဘာလျှို့ဝှက်ချက်မှ မရှိဘူး "

ထိုအဖြေကို ညစ်ပေနေသော Mirrorက လှောင်ပြောင်ပြုံးပြလိုက်သည်။

" Ray ရှင်ကျွန်မ Americaမှာရှိနေတုန်း တစ်ခါဖုန်းဆက်ဖူးတယ်။ အဲ့တုန်းက Americaမှာကျင်းပတဲ့ ကျွန်မရဲ့ Fashion ပွဲကို ဂုဏ်ပြုစကား လှမ်းပြောပေးတာ။ ဒီကိစ္စက ကျွန်မတို့နှစ်ယောက်ပဲ သိတဲ့ကိစ္စပဲ "

ဒိုင်တစ်ဦးဖြစ်တဲ့ Rayက ပါးစပ်အဟောင်းသားနဲ့  ခေါင်းအထပ်ထပ်ငြိမ့်ကာ အမှန်ပင်သူဖုန်းဆက်ခဲ့ကြောင်း ဝန်ခံလေသည်။

" သူပြောတာအမှန်ဘဲ ငါဖုန်းဆက်ခဲ့ဖူးတယ် သူက Mirror အစစ်ပဲ "

" ကျွန်မဘက်က လျှို့ဝှက်ချက်ကို ပြောပြပြီးသွားပြီ ရှင်သာ Mirror အစစ်ဆို သက်သေပြနိုင်အောင် ကြိုးစားလေ "

ဆန်ကျင်ဘက် Mirrorက ဘာစကားမှ မချေပနိုင်ခင်မှာပင် အသံပေါင်းရာချီက ထွက်ပေါ်လာပြန်သည်။

" တကယ်ကြီးလား "

" ဒါဆိုသူက လိမ်နေတာပေါ့ "

Hate Poem Written With Love࿐Where stories live. Discover now