[62]

334 10 5
                                    

[Unicode]

ဘယ်တုန်းကမှန်းမသိသည့် အချိန်တစ်ခုတွင် ဟွမ် သည်ကား သူ့ရှေ့တွင် ဒူးထောက်လျက်သား။  ဘယ်သောအခါမှ အရှုံးမပေးတတ်သည့် ခေါင်းမာသည့် ထိုလူသားက သူ့အပေါ်ကောင်းကျိုးမပေးသည့် အဖေတစ်ယောက်အတွက် ရန်သူအား ဒူးထောက်ကာ အကူအညီတောင်းခံနေလေသည်။ မျက်ဝန်းထောင့်များမှာ မဟော်ဂနီရောင် ထင်ဟပ်လျက်၊ နှလုံးသားမှာ အပြင်ဘက်ရှိ ရွာသွန်းနေသော မိုးများနှယ် တစ်စစီပြိုကွဲလျက် ၊ အမြဲအဖော်ပြုထားတတ်သည့် မာနတို့မှာတော့ အစရှာမရလေအောင် ပျောက်ဆုံးသွားသည်မှာ အတော်ကြာပြီဖြစ်ပြီး ရန်သူထံ သူကိုယ်ကို လိုလိုလားလား ပေးအပ်နေလေတော့သည့်။ နောင်တဟူ၍ မြူတစ်မှုန်တောင်မရှိလေဘဲ အမြဲသူ့အပေါ်နှိပ်စက်တတ်သည့် တစ်ကိုယ်ကောင်းဆန်သည့် အဖေတစ်ယောက်အတွက်။

" ဒီထက်ပိုပြီး ငါလုပ်နိုင်တာရှိသေးရင် မင်းကို အကုန်လုပ်ပေးမယ် "

အသံသည်ကား အက်ရှ၍ တိုးတိမ်လွန်းပေသည်။ မိုးစက်များက အားပြင်းလာပြီး အမိုးကိုထိခိုက်လျက် ကျယ်လောင်လာသည့် အခိုက်တွင် အထီးကျန်လှသော ထိုသူ့၏ စကားသံများကိုကြားနိုင်ရန် ခဲယင်းလှသည်။ သို့သော် မီးလျှံ၏ နားအတွင်းတွင်မူ ထိုကျယ်လောင်သည့် မိုးသံများကို ဖယ်ရှားလျက် ဟွမ်၏ တောင်းပန်တိုးလျိုသည့် အသံကသာ ကြီးစိုးထားတော့သည်။

သျှားစစ်မီးလျှံ၏ ရောင်ပြန်ဟပ်နေသည့် မျက်လုံးအိမ်ထဲတွင် ဟွမ်၏ ပုံစံက ထင်ထင်ရှားရှား တည်ရှိနေကာ သူ့ရှေ့၌ ဒူးထောက်လျက်ရှိနေသော လူကြောင့် ဒေါသတရားများက အစဉ်အလာအတိုင်း ထိန်းချုပ်မှု ကင်းမဲ့သွားလျက်သား။ အထူးသဖြင့် ဟွမ်ဟာ ထိုအသုံးမကျတဲ့ သူ့အဖေကြောင့် အသနားခံလာသည့်အချိန်မျိုးတွင် သူဟာ ဟွမ့်ကို ဒီလိုပုံစံဖြစ်စေသည့် အဓိကတရားခံကို အကြိမ်ပေါင်းများစွာ နိဂုံးချုပ်ပေးချင်မိသည်။

" ငါ့ကို မင်းသဘောအတိုင်း လုပ်နိုင်ပါတယ်။ အဲ့တာကြောင့်....ငါတောင်းဆိုတာကို စဉ်းစားပေးပါ "

ဟွမ်၏ စကားမဆုံးမှီပင် မီးလျှံက ရှေ့သို့တိုးလာခဲ့ပြီး ဟွမ်ရဲ့မေးအား ကြမ်းကြမ်းတမ်းတမ်းဆွဲယူလိုက်ပြီး အကြည့်ချင်းဆုံစေသည်။ နောက်ဆုံးတွင်မူ သူ၏ သည်းခံနိုင်စွမ်းအား ကုန်ဆုံးသွားပြီဖြစ်သည်။ မီးသဖွယ် တောက်လောက်နေသော ဒေါသတို့ဖြင့် သူ့ရှေ့ကလူအား လောင်မြိုက်လျက် သူကိုယ်တိုင်ဖျက်ဆီး ပစ်လိုက်ချင်သည်။ ထိုသို့လုပ်လိုက်ခြင်းက တစ်ပါးသူအတွက် တောင်းဆိုခယနေခြင်းထက်  ပို၍သည်းခံနိုင်ပါသေးသည်။

Hate Poem Written With Love࿐Where stories live. Discover now