[31]

344 12 0
                                    

[Unicode]

" ကိုရံက နမော်နမဲ့နိုင်လွန်းတော့လည်း ကျွန်တော်ကဘယ်တတ်နိုင်ပါ့မလဲ "

အလွန်စိတ်မကောင်းဖြစ်နေဟန်နှင့် သက်ပြင်းချလိုက်ပြီး အောင်နိုင်သူပဲ့ကိုင်ရှင်မှာ အပြစ်ပေးဖို့ရာအတွက် မစောင့်စည်းနိုင်အောင်ဖြစ်နေခဲ့သည်။

" စိတ်မကောင်းဖြစ်မိပေမယ့် အလောင်းအစားက အလောင်းအစားပဲလေ။ အဲ့တာကြောင့် KKရဲ့ CEO ကို တိမ်ယံဆင့်အတွက် အမြဲထာဝရ အကြိုအပို့လုပ်ပေးဖို့အတွက် ပစ်ဒဏ်ချတယ် "

" ပစ်ဒဏ်ကရက်စက်လိုက်တာ "

" သဘောမကျဘူးလား "

ပြဒါးရံက စဉ်းလဲစွာပြုံးလိုက်ပြီးနောက် အကြံကြီးစွာ ဆက်ပြောလာသည်။

" ကိုယ်အရမ်းကြိုက်တာပေါ့ ။ပစ်ဒဏ်ကိုကော ပစ်ဒဏ်ချတဲ့လူကိုကော "

ထို့နောက် မျက်နှာက တိမ်ယံဆင့်ထံတဖြည်းဖြည်း တိုးလာလေသည်။ မသိချင်ယောင်ဆောင်ကာ တွန်းထုတ်လိုက်ပြီး condoအောက်မှ မုန့်ပေါင်းထောင်ချီသယ်ပိုးထားသော လူများအားညွှန်ပြလိုက်သည်။ မကြေမနပ်ဖြစ်သွားသော မျက်နှာထားနှင့် ပြဒါးရံမှာ ချက်ချင်းပင် ဖုန်းထုတ်ယူလိုက်ပြီး အလျင်လိုစွာဖုန်းဆက်အမိန့်ပေးလိုက်လေသည်။

" ပစ္စည်းတွေ လုံခြုံရေးကိုအပ်ခဲ့ပြီး ပြန်လို့ရပြီ "

တစ်ခဏအတွင်းမှာပင် အောက်ထပ်ကရှင်းလင်းသွားလေသည်။ ပြဒါးရံမှာ ပိုလို့ရဲတင်းလာခဲ့ပြီး တိမ်ယံဆင့်အပေါ် ထပ်မံကျူးကျော်လာပြန်သည်။ အကြံအစည်အား ကြို‌သိနေသော ဆင့်မှာ ထိုအခြေအနေထဲမှ မသိမသာလှည့်ထွက်လိုက်ပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

" ကိုရံ ဘာတွေအရမ်းလောနေတာလဲ "

" ကိုယ်မလောပါဘူး ဒါပေမယ့် အချိန်ဆွဲနေတာလဲ မကောင်းဘူးလေ "

" ဘယ်အရာကို အချိန်ဆွဲတာလို့ခေါ်တာလဲ "

တိမ်ယံဆင့်၏ ဖြူစင်သည့်ကလေးငယ်လို မသိဟန်ဆောင်ကာ သွယ်ဝိုက်နေမှုက ပြဒါးရံကို ပိုလိုနေမထိထိုင်မသာ ဖြစ်စေသည်။

Hate Poem Written With Love࿐Where stories live. Discover now