[61]

383 11 1
                                    

[Unicode]

အရမ်းအရမ်းကို ပူဆွေးဝမ်းနည်းစရာကောင်းသည့် နေ့တစ်နေ့ ဖြစ်နေလင့်ကာ ရာသီဥတုက ဖောက်လွဲဖောက်ပြန် ဓာတ်ပြုလျက် မိုးများရွာသွန်းနေခဲ့သည်။ ကြီးမားလှသည့် အိမ်ကြီးထဲတွင် ထိုမိုးသံကို လွှမ်းလျက် မိန်းမပျိုလေးတစ်ယောက် ငိုကြွေးနေခဲ့သည်မှာ စင်္ကြာဝဠာ အနန္တတွင် သူမပုံစံက နှလုံးသည်းမွှာတစ်ခုလုံး ဆုံးရှုံးလိုက်ရသည့် သနားစရာအကောင်းဆုံး လူသားအသွင်ဖြင့်။

" လေပြေ "

ဒီလိုမှန်းသိခဲ့ရင် လေပြေအစထဲက လိမ်လိမ်မာမာနေခဲ့မှာ ။ ဒီထက်ပိုပြီး ကိုကိုနဲ့ daddy အနားမှာ အဖော်ပြုပေးခဲ့မှာ

" သန်မာစမ်းပါ...ဒီလိုမျိုးစိတ်ဓာတ်ကျ မနေစမ်းနဲ့ "

" သန်မာရမယ်....သန်မာရမယ်လား။ ဘယ်လိုစိတ်မျိုးနဲ့လဲ.....ဘယ်လိုခံယူချက်မျိုးနဲ့ သန်မာပြရမှာလဲ။ ဟန်ဆောင်ပြီးတော့တောင် မလုပ်နိုင်ဘူး.....အရမ်း...ပင်ပန်းနေပြီ ကိုဆင့် "

" ကိုဆင့်ကို သေချာကြည့်စမ်း လေပြေ "

မျက်ရည်ဝိုင်းနေတဲ့ မျက်ဝန်းများက တိမ်ယံဆင့်နဲ့ အကြည့်ချင်း ဆုံလာသည့်အခါ ဝမ်းနည်းမှုက သင်္ကေတအဖြစ် မှတ်ကျောက်တင်ခဲ့သည်။

" နည်းနည်းပါးပါးစဉ်းစားကြည့်စမ်းပါ ရှင်းက လေပြေရဲ့ ဒီလိုပုံစံကို မြင်ချင်ပါ့မလား....သူက လေပြေပြုံးနေရုံတင် စိတ်ချမ်းသာတတ်တဲ့လူမျိုးလေ...."

နောက်စကားကို ထပ်ပြောရန်အလို့ငှာ တိမ်ယံဆင့်မှာ အောက်နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်လျက် ရှိုက်သံများကို သည်းခံနိုင်လိုက်သော်လည်း မျက်ဝန်းထက်က မျက်ရည်များကို သည်းခံရန် မစွမ်းနိုင်ခဲ့သည့်အတွက် ထိုအရာများက ပါးထက်သို့ ကျဆင်းလာခဲ့ကြသည်။ ကိုယ့်ကိုကိုယ်စိတ်ပျက်သည့်အတွက် ဆင့်က စုပ်သတ်ကာ ခေါင်းလှည့်ပြီး အံကိုကြိတ်ထားလိုက်သည်။

" ကိုဆင့် လေပြေ ဦးလေးကို သွားတွေ့ချင်တယ်။ ဦးလေးတော့ အန္တရာယ်ကင်းလောက်မှာပါ "

" အင်း ကိုကို လိုက်ပို့ပေးမယ် ဟုတ်ပြီလား "

ပိန်းပိတ်အောင် မှောင်မဲနေတဲ့ အိမ်တံခါးအား ဆွဲဖွင့်လိုက်ချိန်တွင် မြင်လိုက်ရသည်မှာ သွေးပျက်ချောက်ခြားမှုများ ကြီးစိုးနေသည့် မြင်ကွင်းတစ်ခု ။ လျှပ်စီးလက်သည့် အချိန်တွင်း မြင်လိုက်ရသည့် ထိုမြင်ကွင်းသည် နောက်ဆက်တွဲ မိုးခြိမ်းသံနှင့်အတူ ဆင့်ရင်ခွင်ကို မွှေနောက်သွားခဲ့ပြန်သည်။

Hate Poem Written With Love࿐Where stories live. Discover now