[35]

286 10 3
                                    

[Unicode]

( Warning - LGBT ကိုရှုတ်ချတဲ့ စကားလုံးများပါဝင်ပါတယ်။ ficရဲ့သဘောတရားအရမို့ နားလည်ပေးကြပါ )

အိမ်တစ်လုံးအပြင်ကို ကျွန်းတစ်ခုလုံးပါ ပြဒါးရံဟာသူ့အား မွေးနေ့လက်ဆောင်အဖြစ် ပေးသည်တဲ့လေ။ သာမာန်လူသာဆိုလျှင် တွန့်ဆုတ်ခြင်းမရှိ ပစ်ပစ်ခါခါ ငြင်းဆန်မိမှာ သေချာသော်လည်း ထိုကဲ့လို့လုပ်လိုက်လျှင် ပြဒါးရံတစ်ယောက် စိတ်မကောင်းဖြစ်သွားမည်ကို သူအရမ်းစိုးရိမ်ပေသည်။ တစ်ဖက်တွင်လည်း ပြဒါးရံအား စိတ်မဆင်းရဲစေချင်သလို ကျွန်းတစ်ခုလုံးကို လက်ခံဖို့ရာမှာလည်း မဖြစ်နိုင်ပေ။ သူဟာပြေလည်ရာပြေလည်ကြောင်း စကားလမ်းကြောင်းလွှဲလိုက်သည်။

" ဒီကိစ္စကို ကျွန်တော်စဥ်းစားကြည့်ပါဦးမယ် "

" ဆင့် သဘောအတိုင်းပဲလုပ်ပါ။ ကိုယ်ဖိအားမပေးတော့ပါဘူး "

ပြဒါးရံဟာ ဆင့်ရဲ့ လက်ကိုဆွဲပြီး အိမ်ထဲက ရင်သပ်ရှုမောဖွယ် မြင်ကွင်းများအထဲမှ အခန်းတစ်ခန်းဆီကို ဦးတည်ခေါ်ဆောင်သွားခဲ့သည်။ သေသပ်တဲ့တံခါးလက်ကိုင်ကို ဆွဲဖွင့်လိုက်ပြီး အသရေတင့်တယ်မှုတို့မှာ တိမ်ယံဆင့်ကို ဦးကြိုနေခဲ့လေသည်။ မြင်လိုက်ရသည့် မိမိမျက်လုံးကိုပင် မယုံသင်္ကာဖြစ်မိသည်။ ကျယ်ပြန့်လွန်းတဲ့အခန်းအတွင်းမှာ တိမ်ယံဆင့်ရဲ့ ကိုယ်ပွားလေးက ထင်ထင်လင်းလင်း နေရာယူနေခဲ့သည်။ ၎င်းသည် ကုတင်ရဲ့ခေါင်းရင်းပိုင်းတွင် အသက်ဝင်နေမှုမှာ မြင်သူတကာရူးသွပ်သွားအောင် စွမ်းဆောင်နိုင်သည်အထိ အရှိန်အဝါကြီးမားလွန်းလှပေသည်။

" ဒါက ဓာတ်ပုံလား..... မဟုတ်ဘူး.... ဓာတ်ပုံမဟုတ်ဘူး "

ဆင့်ဟာ ကိုယ်တိုင်မေးခွန်းထုတ်လျက် ကိုယ်တိုင်ပြန်ဖြေရင်း အလုပ်ရှုပ်နေခဲ့သည်။

ဒီစုတ်ချက်တွေ ၊ အနုစိတ်တဲ့ ကာလာရောစပ်မှု‌တွေ ၊ ပြောင်မြောက်တဲ့ အသက်ဝင်မှုတွေရယ်ကြောင့် ဒါဟာဓာတ်ပုံဟုတ်မနေပါချေ။ ဂန္တာဝင်မြောက်သည့် ပန်းချီကား တစ်ချပ်သာဖြစ်သည်။

" ဒါက ပန်းချီကားတစ်ချပ်ပဲ..... အကြည့်မလွှဲနိုင်တဲ့ ပြောင်မြောက်တဲ့အနုပညာတစ်ရပ် "

Hate Poem Written With Love࿐Where stories live. Discover now