[19]

376 20 1
                                    

[Unicode]

တိမ်ယံဆင့်က ပြဒါးရံ၏အတင်းကာရော ဆွဲခေါ်မှုကြောင့် မရင်းနှီးသောနောက်ထပ်နေရာ တစ်ခုကို ပါလာရသည်။ အနည်းငယ်လေးတွဲသောအသံဖြင့် မပြယ်ချင်ပြယ်ချင်ဖြစ်နေသော အရက်ရှိန်နဲ့ပေါင်းကာ ကလေးဆိုးလေးနှယ် ပြုမူနေသည်။

" ဒါကျွန်တော့်အိမ် မဟုတ်ဘူး "

" ကိုယ့်ဝယ်ထားတဲ့ တိုက်ခန်းမှာ။ ဒီလောက်မူးနေတာအိမ်ဘယ်လိုပြန်မှာလဲ ဒီမှာနေလိုက်တော့ "

ထို့နောက်တိမ်ယံဆင့်က ဟိုစမ်းဒီစမ်းနှင့် သူ့ကိုယ်သူတစ်ကိုယ်လုံးနှံ့အောင်စမ်းပြီး  မျက်ရည်ဝဲနေသော မျက်လုံးများဖြင့်  မငိုရုံတစ်မယ် ပြောလာခဲ့ပြန်သည်။

" အား.....ကုန်ပါပြီ.....မရှိတော့ဘူး.....ရှာလို့မတွေ့တော့ဘူး "

" ဘာဖြစ်လို့လဲဆင့် "

" ပိုက်ဆံအိတ်မတွေ့တော့ဘူး......ကျွန်တော့်လုပ်အားခလေးတွေ.....မေမေ့ကိုပေးဖို့လုပ်ထားတာ "

မျက်ရည်များကပါးပြင်ထက်မှ တစ်စက်ချင်းကျဆင်းလာသောအခါတွင် ပြဒါးရံကဘာလုပ်ပေးရမှန်းမသိ ကူကယ်ရာမဲ့လာရသည်။ ရုတ်တရက်ငိုချလာသော တိမ်ယံဆင့်ကြောင့် အငိုတိတ်ရန်သာ ဦးစားပေးလျက် နောက်ပြဿနာနောင်မှရှင်းမည်ဟုသာ တွေးထားလိုက်သည်။

" ဟုတ်ပြီ ဟုတ်ပြီ မငိုနဲ့တော့ ကိုယ်ပြန်ပေးမယ်လေ ဟုတ်ပြီလား "

" မလိုချင်ဘူး ကျွန်တော့်ဟာပဲ ပြန်လိုချင်တာ "

ခေါင်းမာနေသောတိမ်ယံဆင့်အတွက် ပြဒါးရံက သူ့ပိုက်ဆံအိတ်ကိုဆွဲထုတ်လိုက်ကာ တိမ်ယံဆင့်ကိုပေးလိုက်သည်။

" ဒီမှာတွေ့ပြီ ဒါကဆင့်ရဲ့ပိုက်ဆံအိတ်မလား ဟုတ်တယ်မလား "

" ဟင် ! "

တိမ်ယံဆင့်က ပိုက်ဆံအိတ်ကိုယူကြည့်လိုက်ပြီး သေချာစူးစိုက်ကာ အဘက်ဘက်မှဆန်းစစ်နေသည်။ မျက်ရည်ဝဲနေခဲ့သော မျက်ဝန်းတစ်စုံက အရောင်ကို ကွဲကွဲပြားပြားမြင်နိုင်ရန် အတော်အားစိုက်လိုက်ရပြီးတွင် ပြဒါးရံကိုကြည့်လိုက် ပိုက်ဆံအိတ်ကိုကြည့်လိုက် ကြိမ်ဖန်အနည်းငယ်လုပ်လိုက်သည်။

Hate Poem Written With Love࿐Where stories live. Discover now