[11]

562 23 1
                                    

[ Unicode]

ကြည်လင်ပြီးတောက်ပသည့် မနက်ခင်းတစ်ခုသည် လှပသည့်ကောင်းကင်ပြာကို နောက်ခံထား၍ ပန်းချီကားတစ်ချပ်နှယ် ဖြစ်နေတော့သည်။ ညှင်းသွဲ့သွဲ့လေပြေက တိုက်ခတ်ချိန်တွင် ယိမ်းနွဲ့ကာကခုန်နေကြသော သစ်ပင်ထိပ်ဖျားကလေးများနှင့် တေးသီနေသော ငှက်တို့က ပနံသင့်နေသည်။အဆုံးမရှိ လောင်ကျွမ်းလျက်ရှိသော နေမင်းသူရိန်သည် ကောင်းမွန်စွာ ထွက်ပေါ်လာနိုင်စွမ်း မရှိသေးသည့်အ‌လျောက် မြေပထဝီပေါ်ရှိ အရာအားလုံးအပေါ်လည်း မျှတစွာအလင်းရောင် ပေးနိုင်စွမ်းမရှိသေးပေ။

လတ်ဆတ်သောလေထုက မျက်နှာပြင်ထက် လာရောက်အနမ်းခြွေချိန်တွင် ပင်ပန်းရီဝေနေသော စိတ်အ‌ခြေအနေကို မေ့ပျောက်လျက် နှုတ်ခမ်းထက်မှနူးညံ့မှုတို့ ခေါ်ဆောင်နေသော အပြုံးတစ်ပွင့်ကို ကာယကံရှင်၏ စိတ်လိုလက်ရ ဖြစ်တည်စေခဲ့သည်။ ရူးသွပ်သောဆွဲဆောင်မှုနှင့် သိမ်မွေ့သောအသွင်တို့ ဖုံးလွှမ်းခံရသော နှုတ်ခမ်းပါးမှာ ‌နက်ရှိုင်းရက်စက်လှပါသော မျက်ဝန်းအကြည့် ရောင်ခြည်ပါးကလေးကိုတောင် အရည်ဖျော် ပျော်ကျသွားစေသည်။

နယ်စပ်ကိုသွားသည့် ကားသုံးစီးအနက် အလယ်တွင်နေရာယူထားသော ရှင်း၏နက်ပြာရောင် ကားလေးသည် အခြားအနက်ရောင်ကားနှစ်စီးထက် ထူးခြားကွဲပြားလျက်ရှိသည်။ ပုံမှန်အတိုင်းရိုးရှင်းလှစွာသော အဖြူရောင်ကို ဝတ်ဆင်ထားသော်လည်း ပုံပန်းသဏ္ဌာန်မှာ ယခင်အတိုင်းနူးညံ့မှုမရှိပေ။ ရှင်း ၏အသွင်အပြင်က ဖြစ်တည်နေသော အခြေအနေပေါ်လိုက်၍ နူးညံ့သည်လည်း ရှိသလို ရက်စက်ကြမ်းကြုတ်ခြင်းလည်း ရှိသည်။ အဖြူရောင်မှာရှင်း၏ အနှစ်သက်ဆုံး colour ဖြစ်သည်။ ရှင်းက တစ်စုံတစ်ရာအား နှစ်သက်မိလျှင် အဆုံးစွန်ထိ ကာကွယ်ပေးတတ်သော အကျင့်ရှိသည်။ သူ မနှစ်သက်လျှင်မူ ရှေ့၌သေကြေပျက်စီးသွားလျှင်တောင် အရေးလုပ်မည်မဟုတ်ပေ။ ထိုကဲ့သို့ အခြေအနေမျိုးတွင် တိမ်ယံဆင့်၏ "သွေးအေးရက်စက်တဲ့ နတ်ဘုရားလို မကောင်းဆိုးဝါး"ဟူသည့်ဘွဲ့ကို လက်ဆင့်ကမ်း ရယူပိုင်ဆိုင်ရသည်အထိပင်။

(ဆင့်ကရင်းနှီးတဲ့ လူတွေရှေ့မှာသာ ဖော်ရွေပြီး ကျန်တဲ့အချိန်တွေဆို မျက်နှာတည်တည်နဲ့ ရေခဲတုံးပါ။ အဲ့တာကြောင့် သူလျစ်လျှုရှုတာကို ခံရတဲ့ အချို့ fanတွေက ချစ်စနိုးနဲ့ "သွေးအေးရက်စက်တဲ့ နတ်ဘုရားလို မကောင်းဆိုးဝါး" လို့ခေါ်ကြတာပါ။)

Hate Poem Written With Love࿐Where stories live. Discover now