[52]

279 14 3
                                    

[Unicode]

မနက်ခင်းနေရောင်ခြည်‌နွေးနွေးက  အခန်းထဲထိဝင်ရောက်ကာ ဒေါင်းရဲ့ဖွင့်ဟထားသော အမြီးများလို တောက်ပခမ်းမှုအတိဖြင့် ဖြန့်ကျန့်ကာ စီးနင်းဝင်ရောက်နေသော်လည်း တိမ်ယံဆင့်ခဗျာ မိုးလင်းခါနီးမှ အိပ်ပျော်သွားခြင်းဖြစ်လေသည့်အတွက် မျက်နှာအား စောင်ပုံထဲထိုးသွင်းလိုက်ကာ တစ်ကိုယ်လုံးကို စောင်အောက်နစ်မြုပ်ထားရင်း နေရောင်ခြည်ကို ကျောခိုင်းလိုက်လေသည်။ အချိန်ဘယ်လောက်မှ မကြာလိုက်ပါပေ အခန်းတံခါးဟာ တစ်စုံတစ်ယောက်၏ တီးခတ်မှုကြောင့် တိမ်ယံဆင့်၏ အိပ်မက်ကမ္ဘာလေးမှာ ရစရာမရှိအောင် ဖျက်ဆီးခြေမွခြင်း  ခံလိုက်ရတော့သည်။

အိပ်ချင်မူးတူးမျက်လုံးများနှင့် မသေသပ်သောဆံပင်များမှာ ထိုးထိုးထောင်ထောင်နှင့် ပုံပျက်နေသော်လည်း ဆင့်ရဲ့ ရုပ်ရည်ကို ထိခိုက်သွားခြင်းမရှိသည်ဖြစ်ရာ နဂိုအတိုင်း ကြည့်ကောင်းချောမောနေဆဲပင်။ ထို့‌ပြင် တစ်နည်းတစ်ဖုံလည်း ဆွဲဆောင်မှုရှိကာ ညအိပ်ဝတ်စုံက ပုခုံးပေါ်တင်ရုံလေး ဖြစ်နေသည့်အတွက် တိမ်ယံဆင့်၏ ဖြူဖွေးနူးညံ့သည့် လည်ပင်းသားနှင့် ညှပ်ရိုးလေးမှာ ပေါ်လွင်ချင်တိုင်း ဖော်ပြနေကာ မှည့်နက်လေးမှာလည်း အလွန်တစ်ရာ ဆွဲဆောင်မှုအပေါင်း ခညောင်းနေ၏။

အကယ်၍ တံခါးရှေ့၌ရပ်နေသောသူသည် မျက်စိကွယ်နေသော သူသာမဟုတ်ခဲ့ပါလျှင် ထိုသူဟာ တိမ်ယံဆင့်၏ ဖြားယောင်းသွေးဆောင်မှုများကြောင့် သန်မာသည့်လက်တစ်စုံဖြင့် ခါးသိမ်သိမ်ကို ဆွဲဖက်လိုက်ပြီး နွေးထွေးအိစက်သည့် နှုတ်ခမ်းများကို အသုံးပြုကာ လည်ပင်းတစ်ဝိုက်၌ စိတ်လွတ်လက်လွတ် အရမ်းရောင်နှင့် အနီရောင်များရောယှက်နေသော အရာများပေးကာ ညှပ်ရိုးပေါ်ကမှည့်လေးကိုမူ သွေးထွက်သည်အထိ ကိုက်ပစ်လိုက်ရင်း သူ၏သွားရာများဖြင့် ဝန်းရံခြံခတ်ပစ်လိုက်မည် ဟူသည်ပင်။

အိပ်ချင်စိတ်မပျယ်သေးသည့်အတွက် တံခါးဖွင့်လိုက်သော်လည်း ဆင့်က ဘာကိုမှစပြောမလာခဲ့ပေ။ ပြဒါးရံကိုသာ တစ်ချက်ဝေ့ဝဲကြည့်လိုက်ပြီး တံခါးဘောင်ကိုအားပြု၍ မှီထားကာ အမူအယာကား အနည်းအကျဉ်းမျှ ဆတ်ဆတ်ထိမခံဖြစ်နေ၏။

Hate Poem Written With Love࿐Место, где живут истории. Откройте их для себя