[18]

392 17 0
                                    

[Unicode]

ပွဲကိုအာရုံစိုက်နေရင်း အနောက်ဘက်ကရုတ်ရုတ်သဲသဲအသံတွေကြောင့် ပြဒါးရံတို့တစ်သိုက်က နောက်ကိုတစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

အနီရောင်ကော်ဇောပေါ်တွင် လဲနေသော အသားဖြူဖြူရုပ်ရည်ချောချောနှင့် ကောင်လေးတစ်ယောက်ကို ဖြောင့်မတ်တဲ့ကိုယ်နေဟုန်ထားနှင့် လူတစ်ယောက်က ငုံ့ကြည့်နေသည်။ ထို့နောက် ပြဒါးရံက ထိုယောက်ျားနောက်ကျောကို စိုက်ကြည့်နေရင်း မကြာသေးခင်ကအဖြစ်အပျက်ကို ပြန်သတိရသွားသည်။ စောစောက သူ့‌ခြေထောက်ကို မတော်တဆတက်နင်းခဲ့သော သူပါပေ။ လက်နှစ်ဖက်က ဘောင်းဘီအိတ်ကပ်ထဲထည့်ထားရင်း လဲကျနေသောကောင်လေးကို မမြင်ချင်ယောင်ဆောင်ကာ ကျော်သွားသည်။ ယွန်းဟေမီက ကြည့်နေရင်း ထူးဆန်းသည့် ခံစားချက်ရလာပြီးမှ တစ်စုံတစ်ရာကိုသတိရသွားသည်။

" အဲ့တာ ဟွမ်ပဲ "

" မမဟေမီပြောတဲ့ Sun Shineရဲ့ ဒီဇိုင်းပညာရှင်ဆိုတာလား "

" အင်း....သူကတကယ်တော်တဲ့ လူတစ်ယောက်ပဲ"

" ခင်ဗျား....ဝင်တိုက်သွားပြီးမတောင်းပန်တတ်ဘူးလား "

ဟွမ်၏ ဒေါသမပါသော အသံသည် တစ်ဖက်လူကိုအမှားသိကာ တောင်းပန်လာအောင် လုပ်သော်လည်း ထိုလူက ပြန်လှည့်လာကာပြောလိုက်သည်က ယုတ္တိမတန်သောစကား တစ်ခွန်းဖြစ်သည်။

" ငါတို့နှစ်ယောက်ဆက်ဆံရေးမှာ တောင်းပန်စကားပြောစရာလိုလို့လား "

ထိုသူ၏လက်တစ်ဖက်က ဟွမ်၏ ပါးကိုပွတ်သတ်လာပြီး ဆော့ကစားနေသည်။

" ခင်ဗျားဘာတွေပြောနေတာလဲ ကျွန်တော်တို့သိလို့လား "

ထို့နောက် ဟွမ်က ထိုသူ့လက်ကိုပုတ်ထုတ်လိုက်ပြီး ဆက်ပြောလိုက်သော်လည်း ထိုယောက်ျားကပန်းနှင့်အပေါက်ခံရသလို မထီမဲ့မြင်ပြုကာ ပြုံးပြလာသည်။

" ကျွန်တော့်အသားကိုမထိနဲ့ အသားချင်းထိတာမကြိုက်ဘူး "

" ဟွမ်....မင်းကလေစိမ်းကားတယ်လို့ ထင်ရပေ‌မယ့် မျက်ဝန်းတွေက အထီးကျန်နေတာကို မြင်နေရတယ် "

Hate Poem Written With Love࿐Where stories live. Discover now