[12]

516 21 1
                                    

                          [Unicode]

တိမ်ယံဆင့် ထွက်သွားပြီးမကြာမီ လေပြေရှင်း၏ မျက်နှာသည် သွေးများစီးဆင်းခြင်းမရှိတော့ဘဲ လူမမာသဖွယ်ဖြူဆုတ် လာရတော့သည်။ အကြောင်းမှာ အရင်တစ်ခေါက်တုန်းကလည်း တိမ်ယံဆင့် ချက်ကြွေးတာကို စားပြီးနောက် ရှင်းဆေးပုလင်းချိတ်လိုက်ရသည်။ ဆိုးဝါးလှသည့် ဖော်ပြလို့မရနိုင်သော အရသာကြောင့် ရှင်းရဲ့အရသာခံနိုင်စွမ်းက တစ်ပါတ်နီးပါးလောက်ပျောက်သွားသည်ကိုလည်း မှတ်မိနေသေးသည်။ သေချာတာကတော့ တိမ်ယံဆင့်၏ ဟင်းချက်လက်ရာမှာ အင်မတန်ကြောက်စရာကောင်းပြီး ရှင်းကိုသာ ဆင့် ချက်ထားသောထမင်းဟင်းနှင့် အဆိပ်ခတ်ထားသောထမင်းဟင်း နှစ်ခုထဲကတစ်ခုကိုစားပါဆိုလျှင် အဆိပ်ခတ်ထားသည့် ထမင်းပွဲကိုသာ ပျော်ပျော်ကြီးစားလိုက်ချင်သည်။ အဘယ့်‌ကြောင့်ဆိုသော် ၎င်းမှာသေခါနီးအချိန်၌ ကောင်းမွန်လှသော အရသာကြောင့် အနည်းငယ်တော့စိတ်သက်သာရာ ရသွားဦးမည်ဖြစ်သည်။

ရှင်းက သက်ပြင်းအသာချလိုက်ပြီးနောက် အတွေးတို့ကိုရပ်တန့်ကာ သန့်ရှင်းရေးလုပ်ရန် ဧည့်ခန်းကိုကြည့်လိုက်ချိန်တွင် တိမ်ယံဆင့်၏ ထူးကဲပြောင်မြောက်လှသော အဖျက်စွမ်းအင်ကြောင့် စာအုပ်စဉ်မှ စာအုပ်အချို့သည် ရေထဲတွင်လက်ပစ်ကူးပျော်မြူးနေကြသည်။ သဘောမကောင်းလှသော ရှင်းသည် ထိုစာအုပ်များကို ရေထဲတွင် ဆက်လက်ပျော်မြူးနေခွင့်မပေးတော့ဘဲ ကောက်ယူဆယ်ပြီးနောက် သန့်ရှင်းရေးကို စတင်လုပ်‌တော့သည်။

နာရီအနည်းငယ်ထပ်မံကြာသွားပြီးချိန်တွင် ရှင်း၏ သန့်ရှင်းရေးအလုပ်သည်လည်း ပြီးမြောက်သွားလေပြီဖြစ်သည်။ သို့သော် မီးဖိုချောင်ထဲမှ ဆူနာမီလှိုင်း ဝင်မွှေနေသကဲ့သို့အသံမျိုးသည် တိမ်ယံဆင့်ဝင်သွားထဲက ထွက်ပေါ်လာတာဖြစ်ပြီး ယခုထိတိုင်မရပ်သေးပေ။ အသံများကြောင့် ရှင်းက ခေါင်းမူးချင်သလိုဖြစ်လာ၍ sofaပေါ်ထိုင်ရန်ပြင်လိုက်သော်လည်း  ခန္ဓာကိုယ်က sofaပေါ်မရောက်မီ မီးဖိုချောင်တစ်ခုလုံး ပြိုကျသည့် အသံကစီးကြိုနေသောကြောင့် ထိုင်ရန်တို့လို့တန်းလန်း ဖြစ်နေသော ခန္ဓာကိုယ်အားရပ်တန့်လိုက်ပြီး တိမ်ယံဆင့်ထံ စကားသံပေးလိုက်လေသည်။

Hate Poem Written With Love࿐Where stories live. Discover now