[42]

368 15 4
                                    

[Unicode]

ကိုယ်ကိုလှည့်လိုက်ပြီး ယွန်းဟေမီနှင့် မျက်နှာချင်းဆိုင် ဆင့် ရပ်လိုက်လေသည်။ မျက်ရည်များနှင့် တန်ဆာဆင်ထားသော သူမမျက်လုံးများမှာ တိမ်ယံဆင့်၏ ‌နက်မှောင်လှသော မျက်ဝန်းများထံသို့ စိုက်ကြည့်နေသည်မှာ တစ်ချက်ကလေးမှ ပျက်ယွင်းမသွားခဲ့။ အချိန်အနည်းငယ်  ကြာသွားသောအခါတွင် ယွန်းဟေမီမှာ ရှိသမျှ အားအလုံးစုံကို စုစည်းလိုက်ပြီး သူ့ထံသို့ပြောလာခဲ့သည်။

" အဲ့ဒီ့နေက ရံလေး ဆီကနေပြန်သွားနေ့က ကားအက်စီးဒင့် ဖြစ်ခဲ့သေးတယ်မလား "

" ဘယ်လိုသိတာလဲ "

သေချာပေါက် ရှင်းနဲ့ သူပဲသိတဲ့လျို့ဝှက်ကို ယွန်းဟေမီက ဘာကြောင့်သိနေရတာလဲ။

" မင်းအထင် သာမာန်ထိခိုက်ဒဏ်ရာလေးနဲ့ပဲ ပြီးသွားတယ်ပဲ ထင်နေခဲ့တာပေါ့ "

ဆင့်၏ မျက်ဝန်းများမှာ ယွန်းဟေမီစကားများကြောင့် တုန်လှုပ်ခြောက်ခြားမှုများ နေရာယူလာခဲ့သည်။

" ကားတစ်စီးလုံး ကြေမွသွားတာတောင် ကံကောင်းပြီး ပြင်ပဒဏ်ရာလေးအနည်းငယ်နဲ့ အသက်ရှင်ခဲ့တာပေါ့လေ။ "

" ဘာအဓိပ္ပါယ်လဲ ..... အဲ့တာအမှန်ပဲ မဟုတ်ဘူးလား "

တိမ်ယံဆင့်၏ အသံမှာ မသိစိတ်အရ တုန်လှုပ်လာခဲ့တော့လေသည်။ သူ့ကို နှစ်ပေါင်းများစွာကြာအောင် ဖုံးကွယ်ခဲ့တဲ့အရာတွေက ဘာတွေလည်းဆိုတာ သူသိချင်လွန်းလှသည်။ ရှင်း ကိုယ်တိုင်တောင် သူမသိအောင်လျို့ဝှက်ထားခဲ့တဲ့ နက်နဲတဲ့အရာတွေ။

" သေချာနားထောင် တိမ်ယံဆင့်...... အဲ့နေ့ထဲက မင်းရဲ့မျက်လုံးတွေက ကွယ်သွားနှင့်ပြီးပြီ "

" ဘာ ! "

အလိုအလျောက်ပင် ခြေလှမ်းများမှာ နောက်သို့နှစ်လှမ်း ဆုတ်လိုက်မိပါတော့သည်။ လက်ဖဝါးပြင်မှာ အတိုင်းမသိ တုန်ယင်နေသည့်အပြင် အသက်ရှုနှုန်းများမှာလည်း ရုတ်ချင်းမြန်ဆန်လာလျက်သား။ ယွန်းဟေမီ ဆီမှထွက်လာသော ထိုစကားဟာ နွေခေါင်ခေါင်တွင် မိုးကြိုးပစ်ချလိုက်ပါသည့်နှယ် ဆင့် ၏ အတွင်းစိတ်ကို အဖန်တစ်ရာမက အဆိပ်ခပ်နေခဲ့သည်။ ရုတ်တရက် တိမ်ယံဆင့်၏ နှလုံးအိမ်ထဲသို့ ဆူးတစ်ချောင်းက နစ်နစ်နဲနဲစိုက်ဝင်လာလေသည်။ ရံဖန်ရံခါတွင် သေမတတ်အောင် နာကျင်စေပြီး အချို့အချိန်များတွင်တော့ လိုက်လျောညီထွေစွာ စိုက်ဝင်နေသည်။ ယခု‌ထိုဆူးမှာ အနက်ရှိုင်းဆုံးနေရာထိ စိုက်ဝင်လျက် နှလုံးအိမ်မှာ သွေးများကျဆင်းလာအောင် ဖန်တီးနေလျက်ရှိသည်။

Hate Poem Written With Love࿐Where stories live. Discover now