[66]

86 3 0
                                    

Unicode

မမှတ်မိနိုင်လောက်တော့တဲ့ထိ အချိန်တွေကြာညောင်းလာသည်အခါတွင် သန်းခေါင်ယံမှာ တိတ်ဆိတ်တဲ့ညက မျှော်လင့်ချက်မဲ့နေတဲ့ လူနှစ်ယောက်ရဲ့ စိတ်ကို ထပ်ကာထပ်ကာအဆိပ်ခပ်နေလေသည်။ ကိုးလ်က သူ့ရဲ့မွေးစားအဖေလို့ခေါ်တဲ့ လူရဲ့ ပုခုံးပေါ်မှီထားပြီး မကြာသေးခင်က ထပ်မံအန်ထုတ်လိုက်သော သွေးတစ်ဗွက်ကြောင့် နှုတ်ခမ်းများက သွေးများစွန်းထင်းနေသေးသည်။

သူသည် ပျင်းရိခြောက်ကပ်ဖွယ်သူ့ဘဝထဲကို ကိုးလ်စစ်ဟန်ဆိုပြီး သူကိုယ်တိုင်အမည်မှည့်ပေးထားတဲ့ ကလေးတစ်ယောက်ကို ဆွဲသွင်းခဲ့လေသည်။ ထိုကလေးကို ဘယ်လိုပြုစုစောင့်ရှောက်မလဲ မသိသော်လည်း အကောင်းဆုံးကြိုးစားခဲ့သည်။ မမျှော်လင့်ဘဲ သားတစ်ယောက်ရလာသည့်အခါ အရာရာကိုအလိုလိုက်မိသည့်အပြင် ဆုံးမဖို့လဲမေ့လျော့နေခဲ့သည်။ ထိုကလေးမျက်နှာမှာ ပြုံးနေလျှင် အဖေတစ်ယောက်အနေဖြင့် သူဟာကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားဖြစ်လာပြီး ကိုးလ်ဆီက အဆက်အသွယ်လေး ပျက်သွားရင် သူဟာလောကကြီးကို မြေလှန်ရှာမည့်လူစားမျိုးဖြစ်သည်။ 

အခု သူဆီမှာ ဘာမှကျန်တော့မည်မဟုတ်ပေ။ ကိုးလ်စစ်ဟန် ....ထိုကလေးဟာ မကြာခင်မှာ သူ့မျက်စိရှေ့တွင် သေဆုံးတော့မည်ပေ။

" ဘယ်အချိန်ထိ ငိုနေဦးမှာလဲ.....ကျွန်တော့်အတွက် အရာအားလုံးအလိုလိုက်ပေးခဲ့တာ အခုထပ်မငိုပါနဲ့တော့ "

" ကလေးမိုက် ဘာလို့အစောထဲက မပြောပြခဲ့တာလဲ ။ အဖေ့ကို မင်းစိတ်နဲ့သေအောင်လုပ်နေတာလား "

" အဲ့တာကြောင့်လေ ...အခုထဲက ဒီလောက်တောင်ပြိုလဲနေတာ ကျွန်တော်များ မရှိတော့ရင် ဘယ်လိုများအသက်ဆက်ရှင်နေမလဲ သိချင်လိုက်တာ "

ကိုးလ်က အပြုံးတစ်ပွင့်ဖြင့် သူ့အဖေကို ပြန်ခံပြောဖို့လဲ မေ့လျော့မနေပေ။ 

ကိုးလ် အနောက်ကလူက သက်ပြင်းချလိုက်ပြီး ကန့်လန့်ဖြတ်ဓားရာ အမာရွတ်ရှိနေတဲ့ ကိုးလ်ရဲ့လက်ကောက်ဝတ်ကိုကိုင်ပြီး ခပ်ဖွဖွလေးပွတ်သပ်နေသည်။ 

" နာနေသေးလား "

" ဒီလောက်တောင်ကြာနေပြီ အနာကျက်နေပါပြီ ....မနာတော့ဘူး "

Hate Poem Written With Love࿐Where stories live. Discover now