[14]

471 20 3
                                    

                           [Unicode]

တိမ်ယံဆင့်က အချစ်ဆုံးသူငယ်ချင်းနှင့်တောင် ဤမျှနီးနီးကပ်ကပ် မနေဖူးပါချေ။ ရုတ်တရက်ပေါ်လာသော ပြဒါးရံကြောင့် ယခုသူတို့၏ အနေအထားမှာ တစ်စုံတစ်ယောက်တွေ့သွားလျှင် အထင်လွဲနိုင်စရာဖြစ်သည်။ ချက်ချင်းပင် ခန္ဓာကိုယ်ကို ပြန်ခွာလိုက်ပြီး တွန့်ကြေသွားသော အင်္ကျီကို ပြန်ပြင်ဝတ်ကာ နဂိုအတိုင်းမျက်နှာထား တည်တည်ဖြင့် စိုက်ကြည့်လိုက်သည်။

" သွားရအောင် ....ဗိုက်စာတယ်လို့ ပြောတယ်မလား ကိုယ်တစ်ခုခုလိုက်ဝယ်ကျွေးမယ် "

" မလိုဘူး....ကျွန်တော်ပြန်တော့မှာ "

" ကောင်းပြီလေ "

နာရီဝက်ကြာသွားသော်လည်း နှစ်ယောက်သားမျက်နှာချင်းဆိုင် ရပ်နေဆဲဖြစ်သည်။

" ကိုပြဒါးရံ မပြန်သေးဘူးလား "

" တိမ်ယံဆင့်ကော မပြန်သေးဘူးလား "

" ကျွန်တော်က ....အဲ့တာက....လူတစ်ယောက်ကို စောင့်နေတာ "

" ကိုယ်လည်း လူတစ်ယောက်ကို စောင့်နေတာ "

ပြဒါးရံက နှစ်လိုဖွယ်ကောင်းအောင် ပြုံးလိုက်ပြီးနောက် သူ့ရှေ့ကမာနကြီးသော မင်းသားကို ထပ်မစတော့ပေ။

" ကိုယ့်ရှေ့မှာ ဟန်ဆောင်နေစရာမလိုဘူး အရသာရှိတာ သွားစားရအောင် ဒီတိုင်းငြိမ်ငြိမ်လေးနေပြီး လိုက်လာခဲ့ "

လက်ကနေဆွဲကာ တိမ်ယံဆင့်ကို သူ၏အနက်ရောင်ကားထဲထည့်ပြီး စားသောက်ဆိုင်တစ်ဆိုင်ကို မောင်းလာခဲ့သည်။ဆင့်က အချင်းများချင်စိတ် မရှိသည့်အတွက် အသာတကြည်သာ လိုက်သွားခဲ့သည်။ နာမည်ကြီးစားသောက်ဆိုင် ဖြစ်သည့်အလျောက် အရသာကလည်းပြောစရာမလိုပေ။ ညအခါ၏ လှပသည့်ရှုခင်းကိုလည်း မြင်ရပြီး သိမ်မွေ့သည့် သီချင်းသံလွင့်လွင့်ကိုလည်း ကြားရသည်။ ပြဒါးရံ ရွေးချယ်ထားသည့်ဆိုင်က လုံးဝပြီးပြည့်စုံလေသည်။ စားသောက်နေစဉ်တွင် စကားများများ မပြောတတ်သော နှစ်ယောက်သား၏ အကျင့်ကြောင့် လျင်လျင်မြန်မြန်ပင် ပြီးသွားလေသည်။

Facebookပေါ်တွင် နာမည်ကြီးနေသော လူနှစ်ယောက်၏ ဓာတ်ပုံကိုကြည့်လိုက်ပြီး မာယာသစ္စာ၏ အမူအယာကို မည်သူကမှမခန့်မှန်းနိုင်ပေ။ သူမကလက်တစ်ဖက်မှာ ဝိုင်ခွက်ကိုင်ထားပြီး အခြားဖုန်းကိုင်ထားသော ကျန်လက်ဖြင့်လိုက်ကာနှင့် မှန်တံခါးကိုဆွဲဖွင့်လိုက်ကာ ဝရံတာသို့ ထွက်လာခဲ့သည်။ လက်ရန်းကိုမှီလိုက်ပြီးနောက် ဖုန်းကိုတိုက်အောက်သို့ အမှုမထားစွာ ပစ်ချလိုက်လေသည်။ ထက်ခြမ်းကွဲသွားသည့်အသံကို ကြားရချိန်တွင် ထိုဖုန်းကတစစီဖြစ်သွားမှန်း သိရှိနိုင်သည်။ ထို့နောက်သူမက တစ်ယောက်ထဲတီးတိုး ရေရွတ်နေခြင်းနှင့်လည်းတူသလို တစ်စုံတစ်ယောက်ကို အမိန့်ပေးနေခြင်းနှင့်လည်း ဆင်တူသည့် အသံဖြင့်စကားပြောလာခဲ့သည်။

Hate Poem Written With Love࿐Where stories live. Discover now