[28]

384 15 0
                                    

[Unicode]

(သွေးထွက်သံယို အခန်းတွေ ၊လူသတ်ခန်းတွေပါဝင်တဲ့အတွက် နှလုံးအားနည်းသူများ အထိအခိုက်မခံနိုင်သူများ မဖတ်ကြဖို့အကြံပေးပါတယ် )

လမင်းက အထိန်းအကွပ်မဲ့စွာ သာနေခဲ့ပြီး လရောင်မှာ ရှင်း အပေါ်ဖြာကျနေခဲ့သည်။ ထိုညတာက အလွန်ရှည်လျားနေခဲ့ကာ ခွဲခွာရသည့်တစ်ညတာသည် တစ်သက်စာနှင့် ညီမျှနေခဲ့သယောင် ရှိနေခဲ့သည်။ နောက်မဆုတ်သည့်ခြေလှမ်း အသင်္ချေမှာလည်း ကိုးလ် နှင့်ဆန့်ကျင်ရာအရပ်ဆီသာ ဦးတည်နေခဲ့သည်။ တိုက်ခတ်သည့် လေညှင်းအစုံတွင် ပျော်ဝင်လာသော သွေးညှီနံ့နှင့် ညှော်နံ့များကိုရှုရှိုက်လိုက်ကာ ရှေ့ဆက်ရမည့် အန္တရာယ်ကိုပေါ့ပေါ့တန်တန်ပင် ကလေးကစားစရာနှယ် မှတ်ယူလိုက်သည်။

ထင်ထားသည့်အချိန်နှင့် အံကိုက်ပင် မီးအလုံးစုံကိုငြိမ်းသတ်နိုင်သွားပြီဖြစ်သည်။ ထိုသော်ထိုလူများမှာ အံ့ဩရန်အချိန်မရလိုက်ခင်မှာပင် ရှင်းတို့နှစ်ယောက်၏ ကျည်များကနှဖူးပြင်ကို ဖောက်ထွင်းလျက် နောက်စေ့မှပြန်ထွက်သွားကြချေ၏။ အလွန်တရာကျယ်လောင်နေသော သေနတ်သံများအပြင် နာကျင်စူးရှလွန်းသည့် အော်ဟစ်သံများကြောင့် စံအိမ်ထဲရှိလူများ အောက်သို့အပြေးအလွှား ပြေးဆင်းလာကြသည်။ မရပ်ဆဲသွားသော သေနတ်သံများမှာ လသာသာအောက်တွင် အတိုင်းအဆမဲ့ပဲ့တင်ထပ်နေခဲ့သည်။ အပေါ်ထပ်မှ ပြေးဆင်းလာသော သူများထဲမှတစ်ယောက်သည် ထူးကဲသည့်လျင်မြန်ဖြတ်လတ်မှုကို ပိုင်ဆိုင်ထားသည့်အတွက် ရှင်း သတိလွတ်သွားသည့်အခိုက်တွင် သေနတ်တစ်ချက်အား အောင်အောင်မြင်မြင် ပစ်ခတ်သွားနိုင်ခဲ့ းလေသည်။ ကံကောင်းထောက်မစွာပင် ကျည်ဆံမှာဝမ်းဗိုက်ကို ရှပ်ထိသွားသည့်အတွက် အဆုံးမရှိသည့်သွေးများ ထွက်လာပါသော်လည်း သေစေနိုင်သည့်ဒဏ်ရာတစ်ခု‌တော့ မဟုတ်ပေ။

" ဒိုင်း..... "

ရှင်း၏ ပြန်လည်ပစ်ခတ်မှုအဆုံးတွင် ထိုလျင်မြန်လှပါပြီဆိုသောလူသည် မြေပြင်ပေါ်ရှိသွေးအိုင်ထဲတွင် အသက်မဲ့သွားပြီဖြစ်သည်။ နာကျင်မှုတစ်ရပ်က လေပြေရှင်းကို ကောင်းကောင်းဒုက္ခပေးနေခဲ့ကာ ဒဏ်ရာပေါ် လက်ဖိထားလိုက်တော့ နှင်းကဲ့သို့ဖြူစင်သော အင်္ကျီမှာ လက်ပံပွင့်ကဲ့သို့ ခြောက်ခြားဖွယ် သွေးနီနီတို့ဖြင့် စွန်းထင်းစပြုလာသည်။ မျက်နှာရှုံ့သွားပုံမှာ ဒဏ်ရာ၏နာကျင်မှုပရောဂ ပါဝင်ခြင်းအလျင်းမရှိဘဲ အဖြူပေါ်တွင်နေရာယူနေသော အနီရောင်သွေးကွက်များကြောင့် ကိုးလ်ဆီသွားသည့်အခါတွင် အနှောက်အယှက်ဖြစ်နေမည်အား သိနေသောကြောင့်ဖြစ်သည်။

Hate Poem Written With Love࿐Where stories live. Discover now