[56]

331 16 2
                                    

[Unicode]

ဆိုးဝါးတဲ့အနံ့အသက်တွေနဲ့ ဆေးနံ့တွေမွှန်ထူနေသော နေရာတစ်ခု။ မပွင့်တစ်ပွင့်ဖြစ်နေသော မျက်လုံးအစုံက လေးလံကာပင်ပန်းလွန်းသော မျက်ခွံများကြောင့် တစ်ဖန်ပြန်လည်ကာ ပိတ်ပင်သွားကြပြန်သည်။ညှင်းသဲ့သဲ့လေးကြားနေရသော အသံလှိုင်းများတွင် ရင်းနှီးနေကြ အသံများလည်း ရောထွေးမွှေနှောက်နေရုံသာမက စိုးရိမ်စိတ်နဲ့ယှဉ်တွဲနေသော အမည်နာမတစ်ခုကို နှုတ်ခမ်းထက်က ခေါ်ဆိုလိုက်ပါသော်ငြား အားအင်ကုန်ခမ်းနေသော ကြွက်သားများကြောင့် အပြင်ဘက်သို့ မထိုးဖောက်နိုင်ခဲ့ပေ။

" ကိုးလ် "

လေပြေရှင်းတစ်ယောက် ထိုနာမည်ကိုသာ ရေရွတ်နေမိခဲ့လေသည်။

" ကိုကို အဆင်ပြေရဲ့လား.....သွေးတွေဘယ်လောက်တောင် ထွက်နေတာတုန်း "

" လေပြေလား "

ရှင်း ကိုယ်တိုင်လည်း သူ့ကိုယ်သူအံ့ဩနေမိပါတော့သည်။ သူ့ရဲ့ အသံအိုးက ပြဿနာရှိနေတာများလား သူပြောတဲ့စကားတိုင်းကို ဘာလို့ ဘယ်သူမှ မကြားနိုင်ရတာလဲ

" လေပြေ...လေပြေ စိတ်ထိန်းစမ်းပါ ရှင်း ဘာမှဖြစ်မှာမဟုတ်ပါဘူး "

" ကိုဆင့် ကိုကို့ ကိုဘယ်လိုလုပ်ရမလဲ.....ဒဏ်ရာတွေဒီလောက်များတာ ကယ်လိုမရတော့ရင် ဘယ်လိုလုပ်မလဲ "

" ဆင့်... ငါဘယ်ရောက်နေတာလဲ ? "

" လူနာရှင်တွေအကုန်လုံး အပြင်ဘက်မှာစောင့်နေပေးကြပါရှင့် ခွဲစိတ်ခန်းထဲ ပြင်ပလူဝင်ခွင့် မရှိလို့ပါ "

နောက်ထပ် ဆူညံ့လာတဲ့အသံများနှင့်အတူ တစ်စွန်းတစ ငိုယိုသံများက ရှင်းကို ပိုလို့ခေါင်းကိုက်စေပြီး ခန္ဓာကိုယ်ထဲ ထိုးဖောက်လာတဲ့ အပ်တစ်ချောင်းကြောင့် နာကျင်မှုဝေသနာအလုံးစုံဟာ ရပ်ဆိုင်းပျယ်ပြောက်သွားသည်နှင့်တစ်ပြိုင်နက် လေပြေရှင်းရဲ့ အသိစိတ်များသည်လည်း ပတ်ဝန်းကျင်နှင့် အဆက်အသွယ်ပြတ်သွားပြန်လေသည်။

မှောင်မဲနေတဲ့ လေဟာနယ်ထဲတွင် ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်သွားစေမည့် ဖြူလွှလွှလူသားတစ်ယောက် ရှင်းဆီကို ဦးတည်လျှောက်လှမ်းလာနေခဲ့ကာ အမူအယာကား သိမ်မွေ့နူးညံ့လှသည့် နှင်းပွင့်လေးတစ်ချပ်လိုပင်။ ခပ်ဖွဖွလေး ထိတွေ့လိုက်ရုံဖြင့် ကွဲကြေကာ ပြိုပျက်သွားတော့မည့်အလား။

Hate Poem Written With Love࿐Where stories live. Discover now