Part (1)

94.2K 5.1K 323
                                    

Zawgyi

တည်မြဲ ကားသော့ကိုယူကာအခန်းအပြင်မှထွက်လာစဉ် တစ်ဖက်အခန်းကိုလှမ်းကြည့်မိသေးသည်။ အခုလောက်ဆိုရင် သူမနက်စာပြင်နေလောက်ရောပေါ့။ သို့သော်တည်မြဲထင်ထားသလိုတော့မဟုတ်ခဲ့ပေ။ စားပွဲဝိုင်းမှာ ဒေါ်ဝင်းကပြင်ဆင်ပြီးအဆင်သင့်စောင့်နေသည်။ အရင်လိုမနက်ခင်းမီးဖိုချောင်ဝင်တတ်သူကိုအရိပ်အယောင်ပင်မမြင်ရ၍ တည်မြဲမေးလိုက်မိသည်။

" မှိုင်းညို့ရော "

" သခင်လေးညို့က မနိုးသေးပါဘူး "

" သြော် ကောင်းပြီလေ ဒါဆိုလည်းကျွန်တော်သွားပြီ "

" သခင်လေး မနက်စာက "

" အပြင်မှာစားမယ် "

စားပွဲပေါ်မှဆိုင်ချက်မုန့်ဟင်းခါးအနံ့ချိုအီအီကြီးကနှာခေါင်းထဲတိုးဝင်လာ၍ စားချင်စိတ်ပင်မရှိတော့။ ဆိုင်ချက်မုန့်ဟင်းခါးတွေက အချိုမုန့်များတာကများ အထဲကဌက်ပျောအူတွေမကျက်တာကမကျက်နဲ့မို့ သူမစားနိုင်ဟု အထက်တန်းကျောင်းသားဘဝတုန်းက မှိုင်းညို့ကိုသူပြောဖူးသည်။ အဲ့နေ့ကစပြီး မှိုင်းညို့ကသူကိုယ်တိုင်မုန့်ဟင်းခါးချက်ကျွေးတတ်၏။ သူတို့လက်ထပ်ပြီးနောက်ပိုင်းမှာလည်း မနက်စာကို ရွှေတောင်ခေါက်ဆွဲဖြစ်ဖြစ် ရှမ်းခေါက်ဆွဲပဲဖြစ်ဖြစ် အမျိုးမျိုး လုပ်ကျွေးတတ်သည်။

" ဒီချိန်ထိမနိုးသေးတာလား "

မဖြစ်သေးပါဘူး ၊ သွားကြည့်မှဖြစ်တော့မယ်။ မနေ့တည်းကကြည့်ရတာနွမ်းဖက်ဖက်နဲ့ အနှယ်ခံထားရတဲ့ဂျုံလိုဖြစ်နေတာ။ဒေါ်ဝင်းက ခုဏကမှထွက်သွားပြီးပြန်ဝင်လာသော တည်မြဲကိုကြည့်ကာ အံ့သြနေသည်။ ခါတိုင်းဆိုရင် အပြင်တစ်ခါထွက်တာနဲ့ ညသန်းခေါင်မှအိမ်ပြန်လာတဲ့သူက။ သခင်လေးညို့အခန်းဆီတတ်သွားသောတည်မြဲကို ဒေါ်ဝင်းကလှေကားခြေရင်းကနေ ကြည့်နေ၏။ သခင်လေးညို့ကိုဘာများ ပြသာနာရှာဦးမယ်မသိ။

တည်မြဲတစ်ယောက် ညို့အခန်းကိုကြည့်ကာတံခါးခေါက်သည်။ အထဲမှတုန့်ပြန်သံမကြားတော့ သူဝင်သွားဟန်ပြင်ပေမယ့် ဝင်လာတဲ့ဖုန်းကြောင့် လက်ပြန်ရုတ်လိုက်သည်။ ဒေါ်ဝင်းက လှည့်ထွက်လာတဲ့တည်မြဲကိုကြည့်ပြီး မီးဖိုချောင်ထဲဟန်မပျက်ပြန်ဝင်သွားသည်။ တည်မြဲကလည်းသတိထားမိပေမယ့် ဘာမှမပြောပဲ ဖုန်းကိုင်လိုက်၏။

ASTILLBE (Completed)Where stories live. Discover now