Part (32) ( ကျွန်တော့်ကို ဘာတွေဖုံးကွယ်ထားကြတာလဲ )

48K 3.9K 230
                                    

Zawgyi

Baylor University Medical Center, United State , Texas ပြည်နယ် Dollas မြို့တွင်တည်ရှိသည်။ ( မြောက်ဘက် Texas ​ဒေသရဲ့ morden metropolis )

လိုအပ်သည်များကို ဒေါက်တာမင်းခန့်ကျော်က အစစအရာရာတာဝန်ယူကာ ဂရုတစိုက်လုပ်ပေး၏။ ဒေါက်တာမင်းခန့်ကျော်၏ သူငယ်ချင်းဖြစ်သူ ဒေါက်တာမြတ်ထွန်းနောင်က အမေရိကန်နိုင်ငံသားခံယူထားပြီး ၊ အမေရိကန်မှာနေတာ ရှစ်နှစ်ကျော်ပြီဖြစ်သည်။ ဒီကိုရောက်ပြီးတည်းက ညို့ဘာတစ်ခုမှကိုမလုပ်လိုက်ရပါ။ ဦးခန့်တို့သူငယ်ချင်းနှစ်ယောက်က ညှိနှိုင်းစရာမလိုလောက်အောင် အတွဲညီညီစီစဉ်သွားတာဖြစ်သည်။

" သားညို့ မကြောက်နဲ့နော် အဆင်ပြေသွားလိမ့်မယ် ၊ သားအိမ်အစားထိုးတာက အောင်မြင်တဲ့လူတွေများနေပြီ ၊ စိတ်မပူနဲ့ ၊ ဒီကဆရာဝန်တွေက အရမ်းတော်ပြီးအရည်အချင်းရှိကြတယ် သားအဆင်ပြေမှာပါ "

" ဟုတ် ကျွန်တော်မကြောက်ပါဘူးဦးခန့် "

ဒေါက်တာမင်းခန့်ကျော်ကို ခေါင်းငြိမ့်ပြလိုက်ပြီး ၊ ဆရာဝန်တွေက ညို့ကိုoperationခန်းထဲခေါ်သွားကြသည်။ အမှန်တကယ်တော့ ညို့ကြောက်နေပါသည်။ ဆေးသောက်ရမှာကြောက်သလို ၊ ဆေးထိုးအပ်တွေကိုလည်းကြောက်သည်။ သို့ပေမယ့် သူအခုလုပ်နေတာမှန်သမျှ မောင့်အတွက်ဆိုတာ စဉ်းစားမိတော့ အကြောက်တရားကိုလည်းကျော်ဖြတ်ချင်လာသည်။

" အဆင်ပြေသွားမှာပါမကြောက်နဲ့ ဒေါက်တာတို့ အကောင်းဆုံးကြိုးစားပေးမယ် "

မြတ်ထွန်းနောင် ကောင်လေးကိုအားပေးစကားပြောလိုက်တော့ ကောင်လေးကခေါင်းငြိမ့်သည်။ စိတ်ငြိမ်သွားပုံပေါ်သည်။ မင်းခန့်ကျော်ပြောတာတော့ ဒီကောင်လေးက လေးနွယ်ရွှေနဲ့ ဝီလီယမ်မြတ်သူ တို့ရဲ့သား တည်မြဲကမ္ဘာရဲ့အမျိုးသားတဲ့။ မြန်မာနိုင်ငံမှာတောင် လိင်တူလက်ထပ်လို့ရနေပြီလား။ ဘယ်လိုပဲဖြစ်ဖြစ် မြတ်ထွန်းနောင် ဒီကောင်လေး၏ သတ္တိကိုလေးစားသည်။ ခွဲစိတ်မှုက ခြောက်နာရီကနေ ရှစ်နာရီနီးပါးကြာမြင့်သည်။ သားအိမ်အစားထိုးကုသမှုပြီးနောက် recoverဖြစ်သည့် အချိန်ကာလက သုံးလဖြစ်၏။ ဒေါက်တာမင်းခန့်ကျော် ခွဲစိတ်ခန်းထဲကကောင်လေးကို ပူပင်နေရ၍ မထိုင်နိုင်ပေ။ အချိန်အတော်ကြာမြင့်ပြီးနောက် ကောင်လေးကို အထူးကြပ်မတ်ဆောင်သို့ရွေ့ပြောင်းကြ၏။

ASTILLBE (Completed)Where stories live. Discover now