Part (28) (ကြောင်ငပျင်းလေးက ဝံပုလွေကြီးကိုသဝန်တိုနေတယ်)

48.6K 3.8K 426
                                    

Zawgyi

အိပ်ယာထတော့ အရင်လိုစိတ်မကြည်မလင်နိုးလာတာမဟုတ်ပဲ ပေါ့ပါးနေ၏။ ဘေးနားကအိပ်ယာခင်းကိုစမ်းကြည့်တော့ခပ်နွေးနွေးဖြစ်နေသေးသည်မို့ မောင်အိပ်ယာထသွားတာ သိပ်မကြာလောက်သေးပေ။ အနေနီးပေမယ့် လူချင်းဝေးသည့်အခြေအနေကနေ အိပ်ယာတစ်ခုတည်း အတူအိပ်သည့်အဆင့်ထိရောက်လာခဲ့ပြီဖြစ်သည်။ မေတ္တာတွေရောင်ပြန်ဟက်တယ်ပဲဆိုရမလား ဒီအခိုက်အတန့်ကို သူမြတ်နိုးသည်။ အိပ်ယာပေါ်ကဆင်းလိုက်ပြီး မှန်ရှေ့သွားရပ်တော့ ထူးခြားနေသည့် အရာတစ်ခုကိုတွေ့လိုက်ရ၏။

" ဒါက ဘာလဲ "

ငုံးဥအရွယ်အစားထက် နည်းနည်းသာပိုသေးသည့် အစိမ်းရောင်လော့ကတ်သီးလေးတစ်ခုဖြစ်သည်။ လည်ပင်မှာဆွဲလျှက်ရှိနေလေတော့ ထိုလော့ကတ်ကိုကိုင်ကြည့်လိုက်၏။ ကျောက်စိမ်းအစစ်ဟုထင်သည်။ ပြောင်လက်ပြီး လှသည်။ သူအိပ်ပျော်နေတုန်း မောင်ဆွဲပေးထားတာဖြစ်မည်။ မထင်မှတ်ထားတဲ့လက်ဆောင်ဖြစ်လို့ ဝမ်းနည်းဝမ်းသာဖြစ်သွားသည်။

ဂျောက်!

" နိုးပြီလား "

သူ့အနားရောက်လာတော့ မျက်လုံးရွှဲများနှင့်မော့ကြည့်လာသည်။ ဆွဲသီးကိုတွေ့သွားပြီထင်သည် ငိုချတော့မည့်ရုပ်နှင့်ဖြစ်သည်။ ခါးကိုဖက်တွယ်လာပြီး ရင်ဘက်ကိုခိုးနမ်းသည်။ သူ့နှုတ်ခမ်းနုနုလေးတွေက ရင်အုပ်ကျယ်ပေါ်ပြေးလွှားနေ၏။

" မောင် ဒါငါ့ကိုပေးတာလားဟင် "

" မကြိုက်ဘူးလား "

" ဟင့်အင်း ကြိုက်တယ် ဒါ လက်ထပ်ပြီးနောက်ပိုင်း မောင့်ဆီကရတဲ့ ဒုတိယမြောက် လက်ဆောင် ဈေးကြီးတယ်မဟုတ်လားဟင် လက်ခံလို့ဖြစ်ပါ့မလား "

" ဈေးမကြီးဘူး ဘယ်လောက်မှမရှိလို့ မင်းယူနိုင်တယ် ၊ နေစမ်းပါဦး မင်းကဘာတွေအားနာနေတာလဲ ၊ မင်းယူထားတဲ့ကောင်က မဆင်းရဲပါဘူး "

" အင်းပါ သိပါတယ် ပျော်လို့လေ အဲ့ဒါ "

ရင်ဘက်တွေကို လိုက်နမ်းနေသူကို လွှတ်ထားလိုက်သည်။ သူ့ခါးတစ်ဖက်ကိုဖက်ထားရင်း ခေါင်းသုတ်ရုံရှိသေး ရင်ဘက်ကစူးခနဲ။ မျက်မှောင်ကုပ်ပြီး ငုံ့ကြည့်လိုက်သည်။ တည်မြဲရင်ဘက်က အညိုရောင်အသီးကို ဆက်ခနဲကိုက်လိုက်တာဖြစ်သည်။ ဘာမှမပြောပဲထားတော့ ထပ်ကိုက်သည်။ ဒီကောင်!

ASTILLBE (Completed)Where stories live. Discover now