Part (21) ( အလိုအပ်ဆုံးက မင်းကိုပဲ )

55.4K 4K 265
                                    

Zawgyi

ဟေမာန်စိုးက အပေါင်းအသင်းများသူဖြစ်သည်။ ထို့ကြောင့် မွေးနေ့ပွဲကို အထက်တန်းလွှာမိသားစုမှ သားသမီးများလည်းတတ်ကြသည်။ ဦးရာဇာစိုး၏ မိတ်ဆွေများကလည်း သူတို့သားတွေကို ဟေမာန်စိုး၏မွေးနေ့ပွဲ တတ်ရန်လွှတ်လိုက်ကြသည်။ ဦးရာဇာစိုး၏ သမီးကိုသဘောကျသူများကလည်း အများအပြားရှိနေတာကြောင့်ရော ၊ မင်္ဂလာသတင်းကြားချင်၍ကတစ်ကြောင်း ရည်ရွယ်ချက်ရှိရှိချဉ်းကပ်ကြတာဖြစ်သည်။

" ဟေမာန် Happy Birthday ဒါမင်းအတွက်မွေးနေ့လက်ဆောင်ပါ ၊ အန်ကယ် မင်္ဂလာပါ "

" ဟာ မောင်ဥက္ကာရောက်ပြီလား လာကွာ ၊ သမီး မောင်ဥက္ကာနဲ့စကားပြောလိုက်ပါဦး ဒယ်ဒီဟိုဘက်မှာစကားပြောလိုက်ဦးမယ် "

ဒယ်ဒီက တမင်ရှောင်ထွက်သွားတာဖြစ်သည်။ ဟေမာန်စိုး နှုတ်ခမ်းမဲ့သွားပြီး ဥက္ကာဆိုသည့်လူကို မျက်စောင်းထိုးလိုက်သည်။ ဥက္ကာက ဟေမာန်စိုးကိုပင်ကြည့်မနေပါ ၊ စားပွဲမှာထိုင်နေပြီး ရှန်ပိန်တစ်ခွက်ကိုသာ အရသာခံသောက်နေ၏။ သူ့ဘက်ကလည်း စကားပြောဖို့အစီအစဉ်မရှိပုံပေါ်သည်။ ဟေမာန်စိုးဒေါသထွက်သွားသည်။ အဲ့ဒါဘာသဘောလဲ ၊ ဟေမာန်စိုးက သူ့မျက်စိထဲတောင် ရောက်မလာဘူးဆိုတဲ့သဘောလား။

" ဒီမှာ ရှင်ဒီမှာမနေချင်ရင်ပြန်လေ စိတ်မဝင်စားသလိုလုပ်မနေနဲ့ ကျွန်မရှင့်ကိုစိတ်မဝင်စားဘူး ရှင်ချေပြနေရင် ကျွန်မအာရုံစိုက်တာခံရမယ်ထင်နေတာလား "

ဥက္ကာက မျက်မှောင်ကြုတ်ကြည့်လာသည်။ ဟေမာန်စိုးကို နားမလည်သလိုကြည့်နေပြီး ပြန်ပြောလိုက်သည်။

" ကိုယ်သိပါတယ် ကိုယ်လည်းမင်းကိုစိတ်မဝင်စားပါဘူး ကိုယ်ကGay ၊ လူသိရှင်ကြား come out လုပ်ထားပြီးသား အန်ကယ်လည်း မနေ့ကပဲ သိသွားတာ မင်းစိတ်ပူနေစရာမလိုပါဘူး မင်းကိုစိတ်မဝင်စားတာမို့ "

ဟေမာန်စိုးမျက်နှာမဲသွားသည်။ ရှက်လည်းရှက်သွားတာကြောင့် တစ်ခြားသူငယ်ချင်းတွေနဲ့သွားရောနေလိုက်တော့သည်။ ဥက္ကာက နာရီဝက်လောက်ထပ်နေပြီး ပြန်သွားလေသည်။ သူပြန်သွားပြီး ရှေ့ဆင့်နောက်ဆင့်တွင် တည်မြဲရောက်လာသည်။

ASTILLBE (Completed)Where stories live. Discover now