Zawgyi
" ကဒ် ကဒ် ပြန်ရိုက်မယ် ဘယ်လိုဖြစ်တာလည်း ခွန်းသ မင်းရဲ့အာရုံတွေ ဒီနေ့လွင့်နေတယ်နော် ပြန်ရိုက်ရတာ လေးခါလောက်ရှိနေပြီ ပင်ပန်းနေတာလား "
" ခဏနားရင် အဆင်ပြေမယ်ထင်တယ် break time ခဏပေးပါ "
ဒါရိုက်တာက သိပ်ကြိုက်ပုံမရပေမယ့် ခေါင်းငြိမ့်လိုက်သည်။ အခုရိုက်နေရတဲ့ ဇာတ်ကားက BL romanceပုံစံမျိုးဖြစ်ပြီး ဒီနေ့ရိုက်ရမယ့် အပိုင်းက တစ်ဖက်ကမင်းသားကို နမ်းတဲ့အပိုင်းပါသည်။ အစတည်းက ဒါမျိုးသရုပ်မဆောင်ချင်ဘူးဆိုပေမယ့် ဟိုတစ်ယောက်နဲ့ စကားများရန်ဖြစ်ပြီး အရွဲ့တိုက်ချင်စိတ်ပေါ်လာလို့လက်ခံလိုက်တာ။ ထိုင်းက စာရေးဆရာတစ်ယောက်ရေးတာဖြစ်ပြီး ဒါရိုက်တာကလည်း ထိုင်းလူမျိုးဖြစ်သည်။ အခုထိတော့ စကားပြန်နဲ့ပြောနေရသေးပေမယ့် ဇာတ်လမ်းမှာတော့ အသံသရုပ်ဆောင်တစ်ယောက်ပါသည်။ ရဟန်ကသရုပ်ဆောင်ပေးပြီး မြန်မာလိုပြောရုံနဲ့တင်ရသည်။ ဘာသာစကားမတူ၍ အခက်အခဲရှိပေမယ့် တစ်ဖက်ကလည်း professional မို့ နားလည်ပေးပါ၏။
" Are...are you okay? "
တစ်ဖက်က တစ်ကယ်စိတ်ပူနေပုံမို့ အဆင်ပြေကြောင်းပြန်ပြောလိုက်သည်။ မင်းသားက ငယ်ငယ်ချောချောလေးဖြစ်ပြီး မျက်နှာကလည်း အပြစ်တင်စရာတစ်ကွက်မှမရှိပေ။ စစချင်းမိတ်ဆက်တုန်းက မင်းသားနာမည်က မှတ်ရတာရှည်လွန်းနေ၍ အားနာရသေးသည်။ အခုတော့ နည်းနည်းပါးပါးခေါ်တတ်သွားပါပြီ။ Andrew Somchai Prawatkanya အပြင်နောက်ထပ် စာလုံးတွေရှိသေးသည်။ ကြားဖူးသမျှထဲမှာတော့ အရှည်ဆုံးနာမည်ပဲဖြစ်သည်။
" နည်းနည်းပင်ပန်းနေလို့ပါ ခဏနားပြီးရင် ပြန်ရိုက်ကြမယ်လေ "
" P' က ကျွန်တော့်ကို နမ်းရမှာ ရှက်နေတာထင်တယ် P' မပြောနဲ့ ကျွန်တော့်အတွက်လည်း ယောကျာ်းလေးတစ်ယောက်ကိုနမ်းရမှာ ပထမဆုံးဗျ "
" အဲ့လိုတော့မဟုတ်ပါဘူး ကိုယ်က ကိုယ့်ချစ်သူကိုပဲ မက်မက်မောမောနမ်းဖူးတာမို့ အခု သူမဟုတ်တာအဆင်မပြေဘူး "
" အာ တောင်းပန်ပါတယ် ဒါပေမယ့် ဒါကအနမ်းအစစ်မဟုတ်ပါဘူး camera angleလှည့်ပြီးရိုက်မှာဆိုတော့လေ editorက ပြန်editလုပ်ဦးမှာပါ "
YOU ARE READING
ASTILLBE (Completed)
Teen FictionMarried Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အတိုင်း ငါနေမယ် ၊ မင်းကိုငါအရင်ကျောခိုင်းတဲ့တစ်နေ့ လုံးဝပြန်လှည့်လာမှာမဟုတ်ဘူးဆိုတာ မောင်မှတ်ထား " "...