Part (35) (မင်းယုံကြည်အောင် မောင်ကြိုးစားပါ့မယ်)

52.4K 3.7K 144
                                    

Zawgyi

သုံးလဆိုသည့်အချိန်ကာလက ခဏလေးနှင့်ကုန်ဆုံးသွားသည်။ ထိုသုံးလအတွင်း တည်မြဲကမ္ဘာတစ်ယောက်ဘယ်လိုတောင် ဥပုသ်စောင့်ခဲ့ရလည်းဆိုတာကို ပြန်ပြောပြတော့ သက်နိုင်ဦးက အသံပြာပြာကြီးနှင့်အော်ရယ်၏။ သူတို့သုံးယောက်က အခွင့်အရေးရတာနဲ့ လှောင်ချင်ကြတဲ့ကောင်တွေ။ ကိုယ့်သူငယ်ချင်းကို အကြံပေးမယ်ဆိုတာမရှိ။

" အေးပါ အားရအောင်ရယ် ရယ်ပြီးတတ်လည်းသွားဦးမယ် ၊ ငါတကယ်ညစ်နေတာနော် ဟေ့ကောင်တွေ စိတ်ဓာတ်ကျအောင်မလုပ်ပါနဲ့ "

" မင်းတကယ်ပြောင်းလဲသွားလို့အံ့သြမိပါတယ် ၊ အရင်ကဆို မင်းလိုချင်ရင် အတင်းအကြပ်တွေအနိုင်ကျင့်ပြီးယူတာမဟုတ်ဘူးလား ၊ အခု မင်းမဟုတ်သလို သည်းခံနိုင်စွမ်းတွေအားကောင်းနေတော့ ရယ်ရလို့ပါ ဟီး ဟီး "

တည်မြဲသက်ပြင်းချလိုက်သည်။ သုံးလအတွင်းမှာ သူကလည်း အထိကိုမခံတာဖြစ်သည်။ အရင်လိုအတင်းအကြပ်ယူလို့ရပေမယ့် အဲ့ဒီဘက်ကိုဦးတည်လိုက်တိုင်း သူကကြောက်နေပုံပေါ်သည်မို့ တည်မြဲစိတ်ကိုလျော့ချထားရတာ။ အနမ်းပဲခံသည် ကျန်တာတွေအဆင့်တတ်လို့မရ။ ဒီနေ့တော့ တည်မြဲသူ့ကိုအရယူတော့မှာဖြစ်သည်။ သူ့ကိုထိတွေ့တိုင်း ထကြွလာသည့်ခန္တာကိုယ်က ဟန်မဆောင်နိုင်အောင်ဖြစ်၏။

" အဝသောက်ကွာ မူးအောင်သောက်နော် ၊ ပြီးမှ မူးတယ်ဘာညာရွှီးလိုက်လေ သူကမင်းကိုချစ်တာပဲငြင်းမှာမဟုတ်ပါဘူး "

ဘော်ဒါတစ်စု၏ ဆေးထိုးမှုကြောင့် တည်မြဲကမ္ဘာမူးလာ၏။ တည်မြဲမူးတော့ သူတို့တွေအိမ်အထိလိုက်ပို့ပေးကြသည်။ မှိုင်းညို့က မူးလာသူကိုကြည့်ကာ အံ့သြလို့။ ဒီလောက်ထိမူးအောင်သောက်ရသလား ၊ အနံ့တွေမွှန်ထူနေတာပဲ။ မောင့်ကိုယ်ကြီးကိုသူမနိုင်တော့ သက်နိုင်ဦးတို့ကပဲ အခန်းထဲအထိလိုက်ပို့ပေး၏။

" ငါတို့ပြန်ပြီနော် မင်းယောကျာ်းကိုဂရုစိုက်လိုက်ဦး ၊ သူပြောတယ် မင်းကအနားကပ်မခံလို့တဲ့ စိတ်ညစ်ပြီးသောက်လာတာ ဖိုက်တင်း မှိုင်းညို့ "

သူကရှောင်လို့ မောင်တစ်ယောက်စိတ်ညစ်ပြီးသောက်လာတာပေါ့။ ဘယ်လောက်ကလေးဆန်လိုက်သလဲ။ အိပ်ယာပေါ်ကမူးနေသူ၏ဘေးသွားရပ်လိုက်သည်။ အရက်နံ့တွေကိုထောင်းထောင်းထနေတာပဲ။ သူ့ကိုယ်ကြီးက အိပ်ယာပေါ်မှောက်နေတာကြောင့် ညို့အားနှင့်ဆွဲလှည့်လိုက်သည်။ ပြီးနောက် အပေါ်အကျီကိုချွတ်ကာ ခြေအိတ်ကိုလည်းချွတ်လိုက်သည်။ ကြယ်သီးတွေကို တစ်လုံးပြီးတစ်လုံးဖြုတ်ပြီးနောက် အပေါ်ပိုင်း nakedနှင့်ဖြစ်သွား၏။ တောင့်တင်းနေသည့် ရင်အုပ်ကြီးတွင် အမွှေးအမျှင်တစ်ချို့ရှိနေသည်။ ဝမ်းဗိုက်ကြွက်သားတွေက သူ့နေရာနှင့်သူ နေရာတကျရှိနေသည်။ မောင်ကတကယ် လူထွားကြီးဖြစ်သည်။

ASTILLBE (Completed)Where stories live. Discover now