Part (5) (ပထမဆုံးမဟုတ်သော အနမ်း)

54.2K 4.1K 178
                                    

Zawgyi

ညနက်လုနီးလှပေပြီ။ မောင်ကတော့ သူပြောခဲ့တဲ့စကားအတိုင်းပင် ပြန်မလာခဲ့ပါ။ anniversary အတွက်ဝယ်ထားသည့်ကိတ်မုန့်ကိုခွဲကာ ညို့တလုတ်ပြီးတစ်လုတ်စားနေမိ၏။ဒေါ်ဝင်း၏စိတ်မကောင်းသလိုအမူအယာကိုမြင်သော်လည်း ညို့ဂရုမထားမိပဲ ကိတ်မုန့်ကိုသာ ပါးစပ်ထဲအပြည့်ထည့်ရင်းဝါးနေမိသည်။ ညို့မငိုချင်ပါ သို့သော် စားနေရင်းနှင့်ပင် ပါးပြင်ပေါ်ပူနွေးသည့်မျက်ရည်များတလိမ့်ခြင်းစီးကျလာသည်။

" နောက်ကျလိုက်တာ အရင်နှစ်ကလည်း အမြဲစောင့်နေရတာ အခုလည်း စောင့်နေရပြန်ပြီ "

ချက်ထားတဲ့ ဟင်းတွေထမင်းတွေက အေးစက်နေပေမယ့်စားမယ့်သူကလည်း မရှိတော့ အထီးကျန်နေသယောင်။ အသည်းပုံကိတ်ကလေးက ဖယောင်းတိုင်ကလည်း တစ်ဖြည်းဖြည်းအရည်ပျော်နေပြီဖြစ်သည်။ ရုတ်တရက်ကြားလိုက်ရသည့် ကားဟွန်းသံကြောင့် ညို့လန့်ဖြန့်သွားသည်။ ညကြီးအချိန်မတော်ကာမှ ကားဟွန်းသံက ကျယ်လောင်လှသည်။ ပြတင်းပေါက်မှလှမ်းကြည့်တော့ တည်မြဲကမ္ဘာက ယိုင်တိယိုင်တိုင်နှင့် ဘေးမှလူနှစ်ယောက်အဖော်ပြုကာ ခြံထဲဝင်လာ၏။ မူးရူးနေလိုက်တာ ကိုယ့်ခန္တာကိုယ်တောင် မနိုင်တော့ဘူးလား။

" နံလိုက်တာ "

အနားရောက်တော့ စူးခနဲဝင်လာသည့်အရက်နံ့။ အရက်နံ့ကိုမခံနိုင်သလို သောက်လည်းမသောက်တာကြောင့် ညို့တော်တော်လေး အန်ချင်မိသည်။ ဘာလို့အရက်ကိုကြိုက်ကြတာပါလိမ့်။ ကျန်းမာရေးအတွက်မကောင်းသလို အရသာလည်း ဆိုးဝါးတဲ့ မူးယစ်စေသည့်အရာ။

" ခန့် သက်နိုင်ဦး ငါ့ကိုပေး ငါသယ်လိုက်မယ် "

" မင်းအဆင်ပြေမှာမဟုတ်ဘူး ဒီကောင့်ကိုယ်ကြီးကအလေးကြီး ထားလိုက် ငါတို့တွဲပို့ပေးမယ် "

" ရတယ် မိုးချုပ်နေပြီလေ သူ့ကို ငါနိုင်ပါတယ် မင်းတို့ကားကိုဂရုစိုက်မောင်းကြ "

ခန့်က ခေါင်းငြိမ့်ကာ တည်မြဲကမ္ဘာ၏ကိုယ်ကြီးကို ညို့ဆီလွှဲပေးသည်။ လူကောင်က ကြီးပြီး လေးတာကြောင့် ယိုင်တောင်ယိုင်သွားရသည်။ လူမှန်းသူမှန်းမသိ ဘယ်လောက်တောင်သောက်ထားတယ်မသိဘူး။

ASTILLBE (Completed)Where stories live. Discover now