Zawgyi
" မောင့်ကိုမေးစရာရှိတယ် "
" အင်း "
" မောင့်အကျီမှာ မရင်းနှီးတဲ့အမွှေးနံ့တွေ ရနေတာ တစ်ပတ်ရှိပြီ ၊ တစ်ခါမှရေမွှေးမသုံးတဲ့လူဆီကနေ ဘာလို့ အမွှေးနံ့ရနေတာလည်း တွေးနေတာ "
" ရေမွှေး ဟုတ်လား ဘာရေမွှေးမှမသုံးပါဘူး "
မယုံသလိုကြည့်လာတဲ့ မျက်လုံးလေးများကြောင့် တွေဝေသွားမိသည်။ နှစ်အတော်ကြာမှ ရလာတဲ့ မိသားစုဖြစ်တာကြောင့် တစ်စုံတစ်ယောက်က မွှေနှောက်သွားမှာကိုစိုးရိမ်နေတဲ့ပုံလေးဖြစ်၏။ သူ့ခံစားချက်ကိုနားလည်ပါသည်။ ဒါပေမယ့် ရေမွှေးနံ့အကြောင်းကို တကယ်မသိတာဖြစ်သည်။ တစ်နေ့တစ်နေ့ အလုပ်လုပ်ရတာ ပင်ပန်းတာရော ၊ အလုပ်ပြီးမှ အိမ်စောစောပြန်ပြီး နားလို့ရမည်ဆိုတဲ့ စိတ်ကလွဲရင် ဘာမှရှိမနေ။
" ဒါပေမယ့် မောင့်အကျီက ရေမွှေးနံ့ရနေတာပဲလေ တစ်ပတ်အတွင်း အဲ့ဒါကိုသိအောင်လုပ် မဟုတ်ရင် အခန်းခွဲအိပ်မယ် ဒါပဲ "
" ဟာ မင်း! မောင်တကယ်မသိပါဘူးဆို "
လှည့်ထွက်သွားသူကြောင့် တည်မြဲဆွံအကျန်ခဲ့သည်။ ဒီလိုဖြစ်အောင်လုပ်သည့် တရားခံကိုလည်း ကျိန်ဆဲလိုက်မိ၏။ ဘယ်သူဘယ်ဝှါဆိုတာ သိလို့ကတော့ အလွတ်မပေး။
" ဖေ ရီး! ဖွင့် ပေး "
ကမ္ဘာငယ်ကအခန်းတံခါးဟစိကို သူ့လက်လေးတွေနဲ့ တွန်းပြီး အထဲဝင်လာသည်။ ဖင်တုံးလုံးလေးနှင့်ဖြစ်ကာ အနောက်ကလည်း ဒေါ်ဝင်း၏အသံကိုကြားသည်။ တည်မြဲခြေထောက်ကိုလာဖက်ပြီး ဘူးအသေးလေးတစ်ခုကိုလာပေးတော့ တည်မြဲဒူးထောက်ထိုင်ကာ သူလာပေးတဲ့ဘူးကိုဖွင့်ပေးလိုက်၏။ အထဲမှာ ကော်လက်စွပ်က အခန့်သားလေးရှိနေသည်။
" လက်စွပ်က ဘာလုပ်မလို့လဲ သား "
" လက် ထပ် မို့ "
" ဟမ် ဘာ ဘယ်သူ့ကိုလက်ထပ်မှာလဲ "
" ဖေ့ ဂို ရေ "
" ဖေဖေ့ကို လက်ထပ်လို့မရဘူးလေ အဲ့ဒါသားဖေဖေ "
" ဖေ က လှ တယ် "
" ငါ့ယောကျာ်းလှတာတော့ ငါသိတာပေါ့ကွ "
ကမ္ဘာငယ်တစ်ယောက် ဘယ်က အတတ်ကောင်းတွေတတ်လာသလဲ တည်မြဲမသိ။ မနေ့ညက သူတို့ရှေ့မှာ ကြောင်ငပျင်းလေးလက်ကို နောက်ထပ်စုံတွဲလက်စွပ်တစ်ကွင်း စွပ်ပေးမိခြင်းကြောင့်လားမသိ။ ဒါပေမယ့် လက်ထပ်တယ်ဆိုတဲ့ကိစ္စကို ကလေးက ဘယ်လိုသိသွားတာပါလိမ့်။
YOU ARE READING
ASTILLBE (Completed)
Teen FictionMarried Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အတိုင်း ငါနေမယ် ၊ မင်းကိုငါအရင်ကျောခိုင်းတဲ့တစ်နေ့ လုံးဝပြန်လှည့်လာမှာမဟုတ်ဘူးဆိုတာ မောင်မှတ်ထား " "...