Part (31) ( Loving You )

49.1K 3.8K 158
                                    

Zawgyi

ဆိုင်ကို ယာယီပိတ်ထားမည်ဖြစ်တဲ့အကြောင်း အရင်ရက်က ဝန်ထမ်းတွေကို ကြို့ပြီးပြောပြထားလိုက်၏။ ကိုခိုင်ဇော်နဲ့မြမြကိုပဲ လွှဲခဲ့လို့မဖြစ်ပေ။ နယ်သာလန်ကို သွားဖို့အတွက် ညို့ခရီးဆောင်အိတ်ထဲသို့ လိုအပ်သည့်အဝတ်အစား ၊ အသုံးအဆောင်များကိုထည့်လိုက်သည်။ ဟိုရောက်မှဝယ်လည်းရပေမယ့် ပိုက်ဆံမဖြုန်းချင်၍ဖြစ်သည်။

" သားညို့ "

" အမေ "

ဒေါ်လေးနွယ်ရွှေက ညို့အနားလာထိုင်သည်။ အကျီတွေထည့်နေတဲ့ သားမက်ဖြစ်သူကိုကြည့်ပြီး စိုးရိမ်စိတ်တွေနှင့်။ ဒေါက်တာမင်းခန့်ကျော်က အစစအရာရာစီစဉ်ပေးမည်ဖြစ်သော်လည်း စိတ်မချတာကစိတ်မချတာပဲ။

" သားရယ် အန္တာရယ်များလိုက်တာ အမေစိတ်ပူတယ် ၊ သေချာစဉ်းစားပါဦး မစွန့်စားတာကောင်းမယ်ထင်တယ် ၊ ကလေးက မွေးစားလည်းဖြစ်ပါတယ် ၊ အမေ မဖြစ်နိုင်တာလည်း သားကိုမတောင်းဆိုချင်ဘူး သဘောပေါက်ရဲ့လားဟင် ၊ သားယောကျာ်းကိုရော ပြောပြီးသွားပြီလား "

" မောင့်ကိုမပြောရသေးပါဘူးအမေ ၊ မောင်အလုပ်ပင်ပန်းနေတယ် ၊ အိမ်ပြန်ရောက်လာရင် မောင့်မျက်နှာမလန်းဘူး ၊ စိတ်ရှုပ်အောင်ထပ်လုပ်မိရင် မောင်stressပိမှာစိုးရိမ်လို့ ကျွန်တော်မပြောဖြစ်တာပါ ၊ ပြီးတော့ မောင့်ကို အံ့သြစေချင်တယ် ၊ မောင့်ကလေးကို ကျွန်တော်လွယ်ပေးချင်တယ်အမေ "

" ကျေးဇူးတင်ပါတယ်သားရယ် ၊ သားကိုအမေ အကြွေးတွေအများကြီးတင်နေပါပြီ ၊ သားအနစ်နာခံတာတွေများနေပြီ အမေဘယ်လို ကျေးဇူးတင်ရမှန်းကိုမသိတော့ဘူး ဟင့် "

" အာ မငိုပါနဲ့ဗျ "

အမေက တရှုံရှုံငိုနေတာကြောင့် ညို့ပြာယာခတ်သွားသည်။ အမေ့ကိုဘယ်လိုချော့ရပါ့မလဲ။ အမေ သူ့အပေါ်ဒီလောက်ထိအားနာစိတ် ၊ ကျေးဇူးတင်စိတ်တွေများနေမှန်းမသိခဲ့ရိုးအမှန်ပါ။

" မငိုပါနဲ့အမေ ၊ ကျွန်တော့်အတွက် အမေဟာ ယောက္ခမဆိုတာထက် အမေအရင်းတစ်ယောက်လိုပါပဲ ၊ အမေငိုတော့ ကျွန်တော်လည်းဝမ်းနည်းတယ်လေ ၊ အမေတစ်ခါပြောဖူးတယ်မလား ကျွန်တော့်ကိုသားအရင်းလိုသဘောထားတယ်ဆို ၊ မငိုပါနဲ့ ကျွန်တော့်အပေါ်အားနာစိတ်ထားစရာမလိုပါဘူးဗျာ "

ASTILLBE (Completed)Where stories live. Discover now