Part (38) (မင်းနဲ့တူတဲ့ သားလေးတွေလိုချင်တယ်)

55.4K 3.8K 142
                                    

Zawgyi

တည်မြဲအလုပ်ကနေပြန်လာတော့ အိမ်ထဲမဝင်ခင်တည်းကပင် ရယ်သံတွေကိုကြားနေရတာကြောင့် မျက်မှောင်ကုပ်လိုက်မိသည်။ ညရှစ်နာရီခွဲနေပြီ ၊ ဘာလို့ဒီလောက်တောင်ရယ်နေရတာလဲ။ အိမ်ထဲတန်းဝင်လိုက်ပြီး ဧည့်ခန့်ဘက်ကိုကြည့်လိုက်တော့ တည်မြဲထိန်းမရအောင်မျက်နှာပျက်သွား၏။ ဟိုမော်ဒယ်ဆိုတဲ့ကောင်က သူများအိမ်ထိတောင်တတ်ပြီး သူများယောကျာ်းနဲ့လာအရောဝင်နေတာလား။ ဟိုတစ်ယောက်ကလည်း မျက်လုံးတွေမှိတ်တဲ့အထိ တဟားဟားနဲ့ရယ်နေသေးသည်။

နေစမ်းပါဦး ဘာတွေကဒီလောက်ရယ်စရာကောင်းနေလို့လဲ။ ဟိုတစ်ယောက်ရယ်တာကတော့ ချစ်စရာကောင်းပေမယ့် ဟိုအကောင်ကိုတော့ ရယ်ပြီးတတ်သွားစေချင်မိတယ်။

" မောင် ပြန်လာပြီလား "

" အင်း "

မောင့်ကိုသွားကြိုရင်း အိတ်ဆွဲမည်ကြံတော့ မောင်က ငုံ့မွှေးလာတာကြောင့် အလန့်တကြားတားရတော့သည်။

" ​မောင် ဧည့်သည်ရှိတယ်လေ "

အနားရောက်လာသူကို ခါးမှသိမ်းဖက်လိုက်ပြီး နှုတ်ခမ်းအိဖောင်းဖောင်းဆီဖိကပ်နမ်းပစ်လိုက်သည်။ ကိုယ့်ယောကျာ်းကိုကြိုက်နေတဲ့သူရှေ့မှာ ကိုယ့်ယောကျာ်းကို နမ်းပစ်ချင်စိတ်ပေါ်လာတာကြောင့် တွေးမနေတော့ပဲ အကောင်အထည်ဖော်လိုက်တော့တာ။ ဧည့်သည်ရှိတယ်တဲ့ ၊ အေး အဲ့ဒီဧည့်သည်ရှိလို့ကို တမင်လုပ်တာ။ ဧည့်သည်က ဧည့်သည်လိုမနေဘူး။ သူများယောကျာ်းကို မျက်လုံးအစာကျွေးနေလိုက်သေးတယ် ၊ ဘယ်နှယ့်ရှိစ။ တည်မြဲ ​အောင်နိုင်သူတစ်ယောက်ပမာ မျက်နှာကိုဝံ့ကာ ထိုင်နေတဲ့ကောင်လေးကိုကြည့်လိုက်တော့ ထိုကောင်လေးမျက်နှာက သိသိသာသာမဲတတ်သွားသည်။

အဟင်း...ဒါကိုပဲလိုချင်တာ။

" အဲ့ဒီအကောင်က ဘယ်လိုရောက်လာတာလဲ "

" မောင်ကလည်း သူများသားသမီးကိုအဲ့လိုမပြောသင့်ဘူးလေ "

" သူများသားသမီးလေ ငါ့သားသမီးမှမဟုတ်ပဲ ၊ အခုပဲရှစ်နာရီခွဲနေပြီ ၊ ဧည့်သည်တွေကို ညနက်တဲ့အထိ နေခွင့်မပြုနိုင်ဘူး သူ့ကိုပြန်ခိုင်းလိုက် "

ASTILLBE (Completed)Where stories live. Discover now