Part (19) ( မင်းဘာလို့ ငါ့​ရှေ့မှာ မပြုံးတာလဲ? !)

52.7K 3.9K 110
                                    

Zawgyi

ခန့်၏အရှေ့တွင် အရွယ်အစားသေးငယ်ပြီး လှပစွာပုံဖော်ထားသော ကိတ်လေးများနှင့် မိုခါတစ်ခွက် ရှိနေသည်။ ထိုကိတ်သေးသေးလေးများကိုငေးစိုက်ကြည့်ရင်း ရှည်သွယ်သောလက်ချောင်းလေးများဆီသို့ အကြည့်ရောက်သွားလျှင်ပဲ သူ့မျက်လုံးများကိုလွှဲလိုက်ရ၏။ သူ့အရှေ့မှလူကို မျက်နှာချင်းဆိုင်လိုက်တော့ အရှေ့မှလူက ပြုံးပြနေ၏။

" မင်းတစ်ယောက်ထဲလာခဲ့တာဆိုတော့ ဒီကိတ်တွေက မင်းအပိုင်ပဲ ခန့် "

" မင်းကိုယ်တိုင်လုပ်ထားတာလား လှတယ် "

" အင်း မောင်က အချိုပွဲတွေကြိုက်တတ်တယ် ဒါကြောင့် ငါမုန့်လုပ်နည်းကို သင်လိုက်တာ ၊ မင်း မြည်းကြည့်ပါဦး ကြိုက်ရင် အန်တီ့အတွက်ပါ ငါထည့်ပေးလိုက်မယ် "

သူ့အရှေ့မှ မျက်နှာလေးကိုကြည့်ရင်း သက်ပြင်းကိုတိတ်တိတ်လေးခိုးချလိုက်သည်။ ညို့ကတော့ ခန့်၏အကြည့်များကို သတိမထားမိပဲ ပွင့်ပွင့်လင်းလင်းပြောပြနေသည်။ မှိုင်းညို့ရဲ့ စိတ်က တည်မြဲကမ္ဘာဆီမှာပဲ အမြဲရောက်နေတတ်သည်။ အဲ့လောက်ထိ ချစ်ခံရတဲ့ တည်မြဲကမ္ဘာကို သူအားကျသလို မနာလိုဖြစ်မိသည်။ မှိုင်းညို့ရဲ့ ချစ်ခြင်းမေတ္တာနယ်ပယ်က ဘယ်လောက်​တောင် နက်ရှိုင်းနေတာများလဲ။ ဒီလူသည် သူ့အားဘယ်တုန်းကမှမမြင်ခဲ့ပေ။

" ငါ ဒီကိုလာတာ ပြောစရာရှိနေလို့ ၊ မင်းကိုပြောစရာရှိတာ "

" ပြောလေ ဘာများလဲ "

" အာ ထားပါတော့ ဘာမှမဟုတ်တော့ပါဘူး ၊ မနက်ဖြန်လေ အမေ့မွေးနေ့ရှိတယ် ဆွမ်းကျွေးမှာ ၊ ဘုန်းကြီးကျောင်းကိုလည်း ကျောင်းဆောက်လှူမယ် ၊ ပြီးရင် ဂေဟာတစ်ခုခုကိုသွားပြီး လှူမှာ ၊ မင်းရော လှူချင်သေးလား ၊ အမေက မင်းတို့အကုန်လုံးကို ဖိတ်ထားတယ် ၊ကျန်တဲ့ကောင်တွေကိုပြောပြီးပြီ မင်းယောကျာ်းကိုတော့ မင်းပဲပြောလိုက်တော့ "

" ဟို "

ရဲတတ်သွားသောမျက်နှာက သူရှက်နေကြောင်းပြောရန်အလိုရှိနေပေသည်။ ခန့်က ပေါ်တင်ပင် "မင်းယောကျာ်း" ဆိုသည့်အသုံးအနှုန်းကိုသုံးလိုက်သည်ဖြစ်ရာ ညို့မရှက်ပဲမနေနိုင်ပေ။ ပြောင်းလဲလာသည့် ​မောင့်အပြုအမှုတွေကြောင့် ပြန်တွေးတိုင်း မျက်နှာပူနေမိသည်အထိ မောင်က သူ့ကိုလွှမ်းမိုးနေတာ။

ASTILLBE (Completed)Where stories live. Discover now