Extra (4) ( ချစ်ခြင်းမေတ္တာများ ထာဝရနုပျိုမည် )

28.4K 2K 178
                                    

Zawgyi

" ဘာ နောက်တစ်ဗိုက်လား တည်မြဲကမ္ဘာ မင်းကွာ!! "

" တော်တော်စွမ်းတဲ့ကောင်ပဲ မင်းက အထင်တောင်ကြီးသွားတယ် အလုပ်များနေတဲ့ကြားက ဘယ်လိုတောင် "

သက်နိုင်ဦးက တောက်ခေါက်ကာ တည်မြဲကိုကြိမ်းမောင်းနေတာဖြစ်သည်။ တည်မြဲတို့အိမ်ကို လာလည်ကြတဲ့ သုံးယောက်က မှိုင်းညို့ ရဲ့ဗိုက်ကိုမြင်တော့ မျက်လုံးတွေပြူးသွားကြတာဖြစ်သည်။ တီရှပ်အပွကြီးကိုဝတ်ထားပြီး ပေါင်တိုဘောင်းဘီနဲ့ မှိုင်းညို့ကလည်း သူတို့ကိုမြင်တော့ ရှက်ပြီး အခန်းထဲဝင်သွားတာ အခုထိထွက်မလာသေး။ စွမ်းတာတော့တော်တော်စွမ်းတဲ့ကောင်။

" မှိုင်းညို့ ဟေ့ကောင် အခုမှရှက်မနေနဲ့တော့ မင်းကလဲ ထွက်လာခဲ့စမ်းပါအခန်းထဲက အချင်းချင်းတွေပဲကို "

" အေးလေကွာ ဒီမှာငါတို့တွေပဲရှိတာ ဘာရှက်စရာရှိလို့လဲ "

ခဏကြာတော့ အခန်းတံခါးပွင့်လာပြီး ခေါင်းလေးထွက်လာသည်။ မျက်နှာကရဲနေတာမို့ သက်နိုင်ဦးတို့ဆက်မစတော့ပါ။ အခန်းထဲကထွက်လာတဲ့ကောင်က ဘောင်းဘီအရှည်သွားလဲတာဖြစ်လိမ့်မည်။ ဖွေးဥနေတဲ့အသားအရည်က ပန်းရောင်ပြေးနေတဲ့အပြင် ဆံပင်တွေကလည်း ဂုတ်လောက်အထိရှည်နေတာမို့ သူ့ပုံစံလေးက လှ​နေ၏။ သက်နိုင်ဦးက ပါးစပ်အဟောင်းသားနဲ့ ကြည့်နေတာမြင်တော့ တည်မြဲက စိတ်ပုတ်စွာပင် မျက်လုံးကိုလက်နဲ့ ကာပစ်လိုက်သည်။

" အဲ့ဒါငါ့အပိုင် ငါ့ဟာ "

" အေးပါ မင်းဟာမှန်းသိပါတယ် ဒါပေမယ့် သူ့ပုံစံက အရင်မြင်နေကြပုံမျိုးမဟုတ်တော့ သိတဲ့အတိုင်းလေ သူဘယ်တုန်းက ဆံပင်အရှည်ထားဖူးလို့လဲ "

အနားရောက်လာသူ၏လက်ကိုကိုင်ကာ ဖြည်းဖြည်းထိုင်ခိုင်းလိုက်သည်။ သူငယ်ချင်းတွေရှေ့မို့ တအားရှက်နေပုံရ၏။ နားရွက်တွေရဲနေပြီး မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်နေတော့ အသည်းယားလာသည်။ ကျစ်! ဒီကောင်တွေထိုင်နေလို့ပေါ့ မဟုတ်ရင် နမ်းပြီးပြီ။ သူ့ဆံပင်တွေကလည်း တော်တော်လေးရှည်နေပြီဖြစ်သည်။ သားအမြဲကြည့်နေတဲ့ TXTထဲက Beomgyuရဲ့ ဆံပင်ပုံစံမျိုး။ သားက တအားသဘောကျနေ၍ သားအဖသုံးယောက်လုံးကို ပုံစံတူညှပ်ခိုင်းထားတာဖြစ်သည်။ သူ့ဆံပင်တွေက ပျော့အိနေပြီး ရှန်ပူနံ့မွှေးကြိုင်နေသည်။

ASTILLBE (Completed)Where stories live. Discover now