Part (39) ( အကျင့်စရိုက်တူတဲ့လူတစ်ယောက်ကို ဘယ်လိုတည့်အောင်ပေါင်းရမလဲ! )

55K 3.3K 185
                                    

Zawgyi

(Refixed Version)

အထုတ်အပိုးတွေထည့်နေသည့် Keyကို အစက သတိမထားမိသေးပေ။ ဂိမ်းဆော့နေသည့်အတွက်ကြောင့် အာရုံမစိုက်မိလိုက်တာဖြစ်၏။ Keyလုပ်နေတာတွေကိုလိုက်ကြည့်နေရင်း စိတ်ထဲအလိုမကျဖြစ်လာတာကြောင့် ထရပ်လိုက်သည်။ သူကဘာကိစ္စ ထုတ်ပိုးနေရတာလဲ ၊ တစ်နေရာရာကိုထွက်သွားတော့မယ့်အတိုင်း။

" နေပါဦး မင်းက ဘာလို့ထုတ်ပိုးနေရတာလဲ ဘယ်သွားမလို့လဲ "

" ငါမင်းရဲ့မန်နေဂျာဆက်မလုပ်တော့ဘူး ရဟန် ၊ ငါအလုပ်ကထွက်လိုက်ပြီ "

" ဘယ်သူ့သဘောနဲ့လဲ "

" ငါ့သဘောနဲ့ပါ တကယ်ဆိုမင်းကိုကြိုပြောရမှာ "

ခွပ်!

စကားတောင်မဆုံးသေး ၊ ပူထူသွားသည့်ပါးတစ်ဖက်ကြောင့် Key အနောက်သို့ယိုင်သွားရသည်။ ကွဲသွားသည့်နှုတ်ခမ်းကိုဖိကိုင်လိုက်ရင်း ရဟန်ခွန်းသကိုပြန်ကြည့်လိုက်၏။ ဒေါသထွက်နေပုံရတာကြောင့် ထည့်လက်စအဝတ်တွေကိုပဲ ဆက်ထည့်လိုက်တော့သည်။ ဦးမင်းရောင်ကိုဖျက်ဆီးဖို့ဆိုရင် သူနဲ့အနီးဆုံးနေရာမှာရောက်နေရမည်မဟုတ်လား။ ရဟန်ခွန်းသနဲ့ပေါင်းလာတဲ့နှစ်တွေအတွင်း ဦးမင်းရောင်ကို တစ်ခါသာတွေ့ဖူးသေးသည်။ အဲ့ဒီလူရဲ့ဘဝကြီးကို ပျက်ဆီးသွားစေချင်သည်။

ရဟန်ခွန်းသအနားမှာ သူငယ်ချင်းလိုတစ်သွယ် မန်နေဂျာလိုတစ်သွယ်နေခဲ့ရခြင်း၏ ရည်ရွယ်ချက်က ဦးမင်းရောင်ကိုလက်စားချေချင်၍မဟုတ်ပါလား။ ဦးမင်းရောင်က မိမိတို့သားအမိ၏ဘဝကိုဖျက်ဆီးခဲ့သူ လူယုတ်မာဖြစ်သည်။ ဒီလူ့ကို လက်စားမချေနိုင်ပဲ Keyအဖမ်းမခံနိုင်ပေ။ သူရဟန်ခွန်းသအနားမှာရှိနေခြင်းက ရည်ရွယ်ချက်တွေကိုနှောင့်နှေးစေသလို သူ့စိတ်ကိုပျော့ပြောင်းစေနိုင်တာမို့ သူထွက်သွားရလိမ့်မယ်။

" GFFF(GF4) မှာ လျှောက်လွှာတင်ပြီးပြီ ၊ ငါအောင်တယ် ၊ အဲ့တော့ ငါအဲ့ဒီကိုပဲသွားဖို့ဆုံးဖြတ်လိုက်ပြီ ရဟန် ၊ မင်းအနားမှာ နှစ်အကြာကြီးအတူရှိနေပေးခဲ့တာပဲ ဒီတစ်ခါတော့ ငါ့ကိုသွားခွင့်ပြုပါ "

ASTILLBE (Completed)Where stories live. Discover now