Zawgyi
New York, Time Square Hotel
စံတော်ချိန် - 15:00 = 3:00 Pm
မြန်မာစံတော်ချိန် - 1:30 Am (Late Night)ဟိုတယ်တစ်ခုရှေ့မှာ ခရီးဆောင်အိတ်တစ်လုံးဖြင့် ခန့်ညားသည့်အမျိုးသားသည် နာမည်ကြီးမော်ဒယ်တစ်ယောက်အသွင်ဖြင့် လူအများ၏စိတ်ဝင်စားမှုကို အရယူထားလေသည်။ ရုပ်ရည်နှင့်ကိုယ်လုံးကိုယ်ထည်က အများနဲ့မတူပဲ အရိုင်းဆန်ဆန်ခန့်ညားနေတာကြောင့်ဖြစ်သည်။ စူးရှနေသောမျက်ဝန်းများက ပကတိတည်ငြိမ်နေ၏။ သို့သော် သူ့နှလုံးသားကတော့ ပြင်းပြင်းထန်ခုန်ပေါက်လျက်ရှိသည်။ စိတ်လှုပ်ရှားလျက်ရှိသည်။ စိတ်အားထက်သန်လျက်ရှိသည်။
ခြေလှမ်းများက အခန်းနံပတ် 440 ရှေ့ရောက်သော် ရပ်တန့်သွား၏။ အသက်ပြင်းပြင်းရှု၍ တံခါးဘဲလ်ကိုနှိပ်လိုက်၏။ အခန်းတံခါးပွင့်သွားသော် အံ့သြကာဝိုင်းစက်နေသော မျက်လုံးရွဲများကိုတွေ့လိုက်ရသည့်အခိုက်အတန့် တည်မြဲ၏ နှလုံးသားက အဆက်မပြတ်တုန်လှုပ်လာသည်။
" အင် ဘယ်လို "
အံ့သြနေသူ၏ ခါးကိုအသာဆွဲပွေ့ယူကာ ပုခုံးကျဉ်းကျဉ်းပေါ်သို့ မျက်နှာမှောက်ချလိုက်သည်။ အခုမှအိပ်ယာထလာပုံပေါ်သည်။ ဆံပင်တစ်ချို့က ထိုးထိုးထောင်ထောင်ဖြစ်နေသေးသည်။ ချစ်စရာလေး။
" မောင် ဘယ်လိုရောက်လာတာလဲ ငါ့ကိုဘာလို့ဖုန်းမဆက်တာလဲ ၊ ငါလေ မောင့်စီကအကြောင်းပြန်စာမရတော့ အရမ်းစိတ်ပူနေတာ "
" ရှူး...အထဲအရင်ဝင်ရအောင် "
မောင့်ခရီးဆောင်အိတ်ကို ကူသယ်မလို့လက်လှမ်းလိုက်ပေမယ့် မောင်က အသယ်မခံ ၊ ညို့လက်တစ်ဖက်ကိုဆွဲရင်း ခရီးဆောင်အိတ်ကိုလည်း သူ့ဘာသာသူအထဲထည့်သည်။ မောင့်နောက်ကနေ ကြောင်တောင်တောင်လေးလိုက်သွားမိသည်။ ရုတ်တရက်ဆန်စွာရောက်ချလာသူကြောင့် ညို့အိမ်မက်မက်နေတာဟုထင်နေတုန်းဖြစ်သည်။ မောင့်မျက်နှာကိုတွေ့လိုက်ရ၍ ပျော်ပြီးရင်ခုန်တာက တစ်မျိုး ၊ အံ့သြတာကတစ်သွယ်နှင့် စိတ်လှုပ်ရှားနေ၏။
" ဒီကိုလာ "
သူ့ပေါင်ပေါ်မျက်နှာချင်းဆိုင်အနေအထားဖြင့် ထိုင်ခိုင်းသည်။ အိပ်ယာကနိုးတာမကြာသေးတာမို့ ဝတ်ထားတဲ့အကျီဘောင်းဘီကလည်း တွန့်ကြေနေသေးသည်။ ညို့ခါးကို ဖက်တွယ်ထားပြီး ပုခုံးပေါ်ခေါင်းမှောက်ချပြန်သည်။ တကယ်ပဲ ဘာဖြစ်လာတာပါလိမ့်။
YOU ARE READING
ASTILLBE (Completed)
Teen FictionMarried Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အတိုင်း ငါနေမယ် ၊ မင်းကိုငါအရင်ကျောခိုင်းတဲ့တစ်နေ့ လုံးဝပြန်လှည့်လာမှာမဟုတ်ဘူးဆိုတာ မောင်မှတ်ထား " "...