Part (16) ( Bullying Him )

56.8K 4K 141
                                    

Zawgyi

ဟေမာန်စိုးက လက်ရှိတွင် အတွင်းရေးမှူးရာထူးမှ တာဝန်ယူမည်ဖြစ်သော်လည်း တစ်ခြားကိစ္စများတွင်ပါ စွက်ဖက်လွန်းအားကြီးသည်ဟု ဝန်ထမ်းများက တွေးနေကြသည်။ သူက တစ်ခြား ရာထူးမြင့်သည့် လူများကိုပင် သင်ပြပေးနေသေးတာကြောင့် ရာထူးမြင့်သည့်လူများက မကြည်မလင်ဖြစ်လာကြတော့သည်။ City၏ ပိုင်ရှင်ကတော်ဆိုသော ဂုဏ်ပုဒ်ကိုသုံးကာ သူတို့ကိုဖိနှိပ်နေခြင်းဖြစ်၏။ ဟေမာန်စိုးကို မကျေနပ်ကြသော်လည်း နောက်ခံကြောင့်ရော Boss၏ အရေးပေးမှုခံနေရတာကြောင့်ပါ သူတို့တွေဘာမှအတွန့်မတတ်ရဲကြတာဖြစ်သည်။

ထမင်းစားဆောင်အတွင်းက ကော်ဖီဖျော်စက်အနီးတွင် ဝန်ထမ်းကောင်မလေးနှစ်ယောက် စကားပြောနေကြ၏။

" အခုတလောအလုပ်လုပ်ရတာ အဆင်မပြေဘူးဟာ ငါတို့တာဝန်ယူထားတဲ့ စာရင်းကိစ္စတွေပဲလုပ်ရရင် အဆင်ပြေတယ် ၊ အခုဟာက တာဝန်မယူထားတဲ့ တစ်ခြားFileတွေကိုပါ အထပ်လိုက်လာပို့တာ စိတ်တွေညစ်နေပြီ "

ဝန်ထမ်းမလေးက ပြောရင်း ငိုချင်လာကာ တစ်ရှုံရှုံဖြစ်လာသည်။ သူတင်မက တစ်ခြားသူများကလည်း ထိုအတိုင်းဖြစ်သည်။ ဟေမာန်စိုးရောက်တာဖြင့် တစ်ပတ်သာရှိသေးသည်။ ရုံးကလူတွေက သေချင်စော်နံနေပြီဖြစ်၏။ ဟေမာန်စိုးကတော့ သက်တောင့်သက်သာပဲ နေပြီး အလုပ်မလုပ်။ ဒါလား အရည်အချင်းရှိတဲ့လူ။ တမင်သက်သက် မောက်မာပြီး သူများကိုအလွန်အကျွံခိုင်းနေတာပဲသိသည်။

" တိတ်တော့ တိတ်တော့ ဟိုကကြားသွားရင် အလကားနေရင်း အလုပ်ပြုတ်မယ် "

ဝန်ထမ်းတွေပြောနေသံကို မရီတာနဲ့ ဝေယံကလည်းကြားနေရသည်။ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သက်ပြင်းချမိကြ၏။

" မရီတာ ဝန်ထမ်းတွေတောင်ပြောကုန်ပြီ အဲ့အမျိုးသမီးက အရမ်းမောက်မာတယ် Bossက အရေးပေးတာနဲ့ပဲ သူ့ကိုယ်သူ ဘုရင်မကြီးလိုထင်နေတာ ၊ Bossကလည်း အဲ့တစ်ယောက်လုပ်သမျှဘာမှမပြောဘူး Bossလည်း အရမ်းလွန်တာပဲ "

" ဟူး အမလည်းမပြောတတ်တော့ဘူး အမတို့က Bossကိုသွားဆရာလုပ်လို့မဖြစ်ဘူးမောင်လေးရဲ့ ၊ ဟေမာန်စိုးကလေ တကယ်မလွယ်တဲ့မိန်းမ ၊ မင်းမသိလို့ မင်းအရင်PA အလုပ်ထွက်သွားတဲ့အကြောင်းအရင်းထဲမှာ ဟေမာန်စိုးလည်းပါတယ် "

ASTILLBE (Completed)Where stories live. Discover now