Part (47) ( ခြိမ်းခြောက်စာများ ဝင်ရောက်ခြင်း )

41.9K 2.9K 96
                                    

Zawgyi

" ရှာဖွေဝရမ်း ဟုတ်လား ဒယ်ဒီ ဒါ ဒါဘယ်လိုဖြစ်တာလဲ "

ဦးရာဇာစိုး၏မျက်နှာက ပုံမှန်ဖြစ်သည်။ ဟေမာန်စိုးကတော့ အံ့သြထိတ်လန့်သွား၏။ ဒီရဲတွေက ဘာကြောင့်သူတို့အိမ်ကို ရှာဖွေဝရမ်းထုတ်ရတာလဲ။ မဟုတ်မှလွဲရော ကိုသက်ပိုင်ကိစ္စ။ ဟေမာန်စိုး အဖေဖြစ်သူကိုလှမ်းကြည့်လိုက်တော့ အဖေဖြစ်သူကတည်တည်ငြိမ်ငြိမ်ဖြစ်နေ၍ စိတ်သက်သာရာရသွားသည်။

" အရာရှိကြီးတို့ ရှာရင်ရှာလို့ရပါတယ် ဒါပေမယ့် ဘာအတွက်ကြောင့် ရှာဖွေဝရမ်းထုတ်ရတာပါလဲ "

" လွန်ခဲ့တဲ့လေးလက City Companyရဲ့ ဝန်ထမ်းဖြစ်တဲ့ ကိုသက်ပိုင် ပျောက်ဆုံးသွားတဲ့ကိစ္စမှာ မျက်မြင်သက်သေတွေရဲ့ သတင်းပေးမှုအရ ကိုသက်ပိုင်နောက်ဆုံးဝင်သွားတာ ဦးရာဇာစိုးတို့ရဲ့အိမ်ဖြစ်နေတယ် "

" မောင်သက်ပိုင် ဟုတ်လား အရာရှိကြီးတို့ထိုင်ပါဦး "

ဟေမာန်စိုးမှာ ဟန်မဆောင်တတ်သည်ဖြစ်၍ တံတွေးခဏခဏမြိုချမိနေသည်။ ဒယ်ဒီကဘာလို့ အရမ်းအေးဆေးတည်ငြိမ်နေရတာလဲ။ ဟေမာန်စိုးကတော့ လက်ဖဝါးမှာတောင် ချွေးတွေထွက်နေပြီဖြစ်သည်။ သို့ပေမယ့် ဒယ်ဒီ့ဘေးမှာပဲ ဝင်ထိုင်လိုက်ပြီး စိတ်ငြိမ်အောင်ကြိုးစားလိုက်သည်။ အရာရှိက သူတို့နှစ်ယောက်လုံးကို အကဲခတ်နေပြီး မေးခွန်းများကိုစမေးသည်။

" ကိုသက်ပိုင်ကို ဦးရာဇာစိုးတို့အိမ်ကိုလာပြီး နောက်ပိုင်း ပြန်မတွေ့တော့ဘူး အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး မေးခွန်းတွေမေးစရာရှိပါတယ် "

" ဟုတ်ကဲ့ "

" ကိုသက်ပိုင်က သောကြာနေ့ညနေ ရုံးဆင်းပြီးတည်းက အိမ်ကိုပြန်မရောက်တာပါ ၊ သူက ဦးရာဇာစိုးတို့နေအိမ်ကို ဘာကြောင့်လာရတာလဲ အသေးစိတ်ပြောပြပေးပါ "

" သက်ပိုင်က သမီးရဲ့သူငယ်ချင်းပါ အဲ့ဒီနေ့က သက်ပိုင်ကို ညစာစားဖို့အိမ်ကိုဖိတ်ထားတာ ညစာစားပြီးတော့ စကားစမည်ပြောကြရင်း ညဆယ်နာရီလောက်ဖြစ်မယ်ထင်တယ် နောက်ကျနေပြီမို့ သက်ပိုင်ကို driverနဲ့ အိမ်ပြန်ပို့ပေးလိုက်တယ် "

ASTILLBE (Completed)Where stories live. Discover now