Part (25) ( မင်းကို အားမလိုအားမရဖြစ်လိုက်တာ !)

52.9K 3.8K 174
                                    

Zawgyi

အကျီကြယ်သီးတွေကို တပ်နေရင်း အိပ်နေသူကို မှန်ထဲမှတစ်ဆင့်ကြည့်လိုက်သည်။ အိပ်ယာခင်းအနက်ထဲမြုပ်နေပြီး ဖွေးအုနေသည့်လက်လေးတစ်ချောင်းနဲ့ ခြေထောက်လေးတစ်ချောင်းကသာ နက်စွေးနေသော အိပ်ယာပေါ်တွင် တစ်စွန်းတစ်စထွက်နေ၏။ သူ့ဆိုင်ကပိတ်ထားတာကြောင့် ဒီရက်ပိုင်းတွေမှာ အိပ်ရေးမက်နေတာဖြစ်သည်။ တည်မြဲ အိပ်နေသူ၏ဘေးနားဝင်ထိုင်လိုက်တော့ အိပ်နေသူကပြုံးယောင်သမ်းနေတာကိုသတိထားမိလိုက်သည်။ ဘာတွေအိမ်မက်မက်နေတာပါလိမ့်။

" မှိုင်းညို့ အကြာကြီးမအိပ်နဲ့ခေါင်းကိုက်မယ် ၊ ထတော့ "

" ဟင် အင် "

" ဟင် အင်မလုပ်နဲ့ ထတော့ ငါ့ကိုnecktieချည်ပေး ဟေ့ကောင် "

ပြောတော့မှ အိပ်မှုန်စုံမွှားထလာပြီး မျက်လုံးတစ်ဖက်ကိုဖွင့်ကာ necktieကို ကိုင်စည်းပေးသည်။ Necktie စည်းပေးနေရင်းတောင် ငိုက်နေတာမြင်မကောင်း။ တည်မြဲရယ်လည်းရယ်ချင်သည်၊ နာနာလေးလည်းရိုက်ပစ်ချင်သည်။ အအိပ်မက်လိုက်တဲ့ကောင်။ အူယားလာတာနှင့် သူ့မျက်နှာပေပွပွကို အုပ်ကိုင်ကာ ပါးတစ်ဖက်ကို ကိုက်ပစ်လိုက်သည်။

" အား! သေပါပြီ မောင်ဘာဖြစ်လို့ကိုက်တာလဲ နာတယ် "

" ပြော ဘာတွေအိမ်မက်မက်နေတာလဲ ဘယ်အကောင့်အကြောင်းမက်ပြီး ပြုံးနေတာလဲ ငါ့ကိုအခုပြော ၊ မဟုတ်ရင် သေမယ် "

" ဘာမှမဟုတ်ပါဘူး အာ့ အာ့ နာတယ်လို့ "

ညို့လက်ကောက်ဝတ်လေးကို ဖြစ်ညှစ်လိုက်သူကြောင့် နာကျင်သွားရသည်။ လူကိုနာကျင်အောင်လုပ်ဖို့ဆိုရင် သူကျွမ်းကျင်သည်။ ရှုံ့မဲ့သွားသူကိုကြည့်ပြီး တည်မြဲ စိတ်ကိုလျော့လိုက်သည်။ မုန်းစရာကောင်းလိုက်တာ ၊ အိမ်မက်ထဲမှာ ဘယ်ကကောင်တွေနဲ့ချိန်းတွေ့နေလို့ ပြုံးနေရတာလဲမသိ။ တွေးရင်းဒေါသထွက်ရသည်။

" ငါအိမ်မက်မက်တာ အတိတ်အကြောင်းပါ ၊ ငါတို့အဆောင်မှာနေတဲ့ ပထမဆုံးရက်အကြောင်းလေ ၊ အိမ်မက်ရှည်ကြီးပေါ့ ၊ ငါအသေးစိတ်အထိမှတ်မိနေတယ် မောင်ရော မှတ်မိရဲ့လားဟင် "

ASTILLBE (Completed)Where stories live. Discover now