Part (29) ( The Truth Untold )

52.2K 3.6K 95
                                    

Zawgyi

ကလေးယူမှာက Uterine Transplantation (သားအိမ်အစားထိုးခြင်း) နည်းလမ်းနဲ့ပါ။ အဓိကကိုပဲတန်းသွားမယ်နော် ၊ ရှင်းပြလိုက်မှ ပိုဆိုးကုန်မှာစိုးလို့။ သားအိမ်အစားထိုးတာအောင်မြင်တဲ့အထဲ Lesbian couple တစ်တွဲအကြောင်းတော့တွေ့ထားပါတယ်။ Gay Couple တွေမှာ ဖြစ်နိုင်ချေရှိမရှိကို Challenge မခေါ်ရဲပါဘူး။ တစ်ချို့အရာတွေက စိတ်ကူးအတိုင်း ရေးမှာမို့ သိပ်အများကြီးမရှင်းပြတော့ပါဘူးနော်။

<<<<<<
>>>>>>

ဒေါ်လေးနွယ်ရွှေနှင့် ဒေါက်တာမင်းခန့်ကျော်တို့ရှေ့တွင် ခေါင်းငုံ့ထိုင်နေသူက ညို့ဖြစ်သည်။ ငြိမ်နေသူကိုကြည့်ပြီး လူကြီးနှစ်ယောက် စိတ်အိုက်လာရသလို သက်ပြင်းအကြိမ်ကြိမ်ချနေရ၏။ မှိုင်းညို့က သားရဲ့ကလေးကိုမွေးချင်တယ်တဲ့လေ။ သားကလည်း မွေးစားတာဖြစ်စေ ၊ အငှါးကိုယ်ဝန်ဖြစ်စေ လက်ခံမှာမဟုတ်တာ ဒေါ်လေးနွယ်ရွှေသိသည်။ သူမလည်းမြေးချီချင်ပေမယ့် ဒီကောင်လေးကိုတော့ အပင်ပန်းမခံစေချင်ပေ။ သားအရင်းလိုချစ်သည်မို့ အန္တာရာယ်အဖြစ်မခံနိုင်။

" အခု သားတို့ဆက်ဆံရေးက အဆင်ပြေရဲ့လား အမေ့ကိုမလိမ်နဲ့နော် ဟိုကောင်မလေးအိမ်ထိတတ်လာတာအမေသိတယ် ၊ သားညို့က နေခွင့်ပြုလိုက်တာဆို "

"နေခိုင်းလိုက်တာ မှန်ပါတယ်မေမေ ၊ အိမ်ထဲရောက်ပြီးသားသူကို နှင်မထုတ်ချင်တော့လို့ပါ ၊ ဟို မောင်ကလည်း သူ့အကန့်နဲ့သူနေတာပါ ဒီနေ့မနက်ရောက်တော့ သူပြန်သွားပါတယ် "

" နောက်တစ်ခါအလာမခံနဲ့ သူရောသူ့ဖအေ ဦးရာဇာစိုးရောက အန္တာရာယ်များတယ် ၊ အဲ့မိန်းခလေး သားကိုကပ်တာ ကောင်းတဲ့ရည်ရွယ်ချက်မှမဟုတ်တာ ၊ ဦးရာဇာစိုးက အစက ငွေရေးကြေးမပြေလည်ခဲ့တဲ့သူမို့ သူ့သမီးကိုခုတုံးလုပ်ပြီး သားအနားကပ်ခိုင်းတာ ၊ သားကို ချစ်လွန်းလို့ အနားမှာရှိနေတာမဟုတ်ဘူး သားရော Cityရော ပျက်ဆီးတာကိုမြင်ချင်နေကြတဲ့သူတွေ ၊ သားညို့က အစစအရာရာဂရုစိုက်ရမယ် ယောကျာ်းဖြစ်သူဘေးကနေ ပြောသင့်တာရှိရင်ဝင်ပြော ၊ အမေက သားညို့ကို လုပ်ပိုင်ခွင့်ပေးထားပြီးသားပဲ သားကိုယုံတယ် "

ASTILLBE (Completed)Where stories live. Discover now