Part (9) ( ကလန်ကဆန်လုပ်ရင် အတင်းအကြပ်နမ်းပစ်မယ်)

50.5K 4.3K 66
                                    

Zawgyi

တီးတိုးရေရွတ်သံတစ်ခုကြောင့် တည်မြဲမျက်လုံးများပွင့်လာခဲ့သည်။ အစကတော့ဆိုဖာမှာအိပ်ဖို့စိတ်ကူးသေးသည်။ ဆိုဖာကကျဉ်းနေတာကြောင့်ရော ဝန်ထမ်းတွေကို Extra Bed မတောင်းချင်တာကြောင့်ရော တည်မြဲစဉ်းစားရကြပ်နေသည်။ အဆုံးမှာတော့ အိပ်ပျော်နေသူ၏ဘေးဝင်လှဲကာ အနားယူလိုက်၏။ ကုတင်က ကျယ်တာကြောင့် သက်တောင့်သက်သာရှိသည်။ ဟိုတစ်ယောက်ကတော့ ခုတင်အကျယ်ကြီးကိုတောင် ထောင့်ကပ်အိပ်နေ၏။ ပြုတ်ကျရင် ကျိုးကုန်တော့မှာပဲ။

" ကျစ် သူ့ဘာသူ ကျိုးကျိုးကန်းကန်းပေါ့ ငါ့ကိစ္စလား "

မျက်လုံးကိုပြန်မှိတ်လိုက်ပြီး အနားယူလိုက်တော့သည်။ သိပ်မကြာလိုက် လက်တစ်ဖက်က ရင်ဘက်ပေါ်ရောက်လာသည်။ ဖျက်ခနဲမျက်လုံးဖွင့်ကြည့်လိုက်တော့ တရားခံက ဟိုတစ်ယောက်ဖြစ်နေသည်။ သူက တည်မြဲရင်ခွင်ထဲ တိုးဝင်လာတာကြောင့် အသက်ရှုအောင့်လိုက်မိ၏။ သူက အနွေးဓာတ်ကိုရှာရင်း နွေးသည့်နေရာကိုတွေ့တော့ စိတ်ချလက်ချဖြစ်သွားတာဖြစ်ရမည် တချက်တစ်ချက်ရှိုက်ကာ ဟင်းခနဲသက်ပြင်းချပြီး သူပြန်အိပ်သွားတာဖြစ်သည်။ တွန်းထုတ်လိုက်ချင်သော်ညား ညိုမဲနေသည့်လက်ကောက်ဝတ်တွေနှင့် ဒဏ်ရာတစ်ချို့ကိုတွေ့တော့ ဒီတိုင်းပဲအိပ်ဖို့ဆုံးဖြတ်လိုက်သည်။

အိပ်ပျော်နေသူ၏ မျက်နှာကိုစေ့စေ့စပ်စပ်ကြည့်လိုက်သည်။ ဘေးတစ်စောင်းသာမြင်ရသော နှာတံတို့က စင်းနေပြီး အဖျားတွင်လုံးသွားသည်။ ထိုနှာသီးလုံးလေးက မသိမသာရဲနေ၏။ မျက်တောင်ရှည်ကြီးများက ငြိမ်သက်နေပြီး နှုတ်ခမ်းကလည်းရဲထွေးနေသည်။ အိပ်ပျော်နေသည့်တစ်ချိန်တွင်သာ ဂျစ်ကန်ကန်မျက်နှာပေးလေးပျောက်ကာ ပကတိအပြစ်ကင်းစင်လျက်။ တည်မြဲ သူ့ကိုကြည့်နေရင်းနှင့် နမ်းချင်စိတ်ပေါ်လာရသည်။

မေးဖျားကိုအသာဆွဲမော့လျှက် ဖောင်းကြွနီရဲနေသော နှုတ်ခမ်းလေးအား တည်မြဲဖိကပ်လိုက်မိသည်။ အိပ်ပျော်နေသူနိုးမသွားအောင် ညှင်ညှင်သာသာနမ်းနေသော်လည်း ထိုနှုတ်ခမ်း၏အထိအတွေ့ကရူးလောက်သည်။ ဒါကြောင့် တည်မြဲ၏အနမ်းတို့က ထင်ရာစိုင်းလာ၏။ သူ့ကိုနိုးသွားအောင်တော့ တည်မြဲမလုပ်ပါ။ နိုးလာရင် နားပူရမည်။ ငြိမ်ငြိမ်လေးအိပ်နေပြီး တည်မြဲကိုကလန်ကဆန်မလုပ်ဖို့ကအဓိက။ အိပ်ပျော်နေသည့်ခါမှ နမ်းချင်သလိုနမ်းလို့ရမှာဖြစ်သည်။

ASTILLBE (Completed)Where stories live. Discover now