Part (44) ( C မြို့တော်သို့ သွားရောက်ခြင်း )

44.8K 3.2K 103
                                    

Zawgyi

C မြို့တော်တွင်ဖြစ်သည်။ လမ်းမထက်မှလူတန်းစားမျိုးစုံ၏ ပါးစပ်ဖျားတွင် တော်ဝင်မိသားစုအခမ်းအနားအကြောင်းသာ ရှိနေ၏။ Cမြို့တော်၏ တော်ဝင်မိသားစုက ပြည်သူများအတွက် ကိုးကွယ်ရာဖြစ်သည်မို့ လူများစွာက ချီးကျူးစကားတွေသာပြောဆိုနေကြသည်။ ကျောက်မြတ်ရတနာဆိုင်၏ လမ်းကြားလေးထဲတွင်တော့ အရပ်ရှည်ရှည်နှင့် အနက်ရောင်ဝတ်စုံပြည့်ကိုဝတ်ဆင်ထားသောလူတစ်ယောက်ရှိနေသည်။ ဆေးလိပ်ငွေ့များကလည်း လမ်းကြားတစ်လျှောက်ပျံ့နှံ့လို့နေသည်မို့ တစ်ချို့ဖြတ်သွားဖြတ်လာများက နှာခေါင်းရှုံ့သွားကြ၏။

" လူငယ်လေး ဒီလမ်းကြားထဲမှာဆေးလိပ်သောက်ခွင့်မရှိဘူးကွ ဒဏ်ငွေရိုက်တယ် ၊ ကြည့်ရတာမင်းက ဒီနိုင်ငံနဲ့အကျွမ်းတဝင်မရှိဘူးထင်တယ် ၊ ဒီနိုင်ငံမှာက ဆေးလိပ်သောက်ချင်ရင် မြေပြန့် ဒါမှမဟုတ် ဆိပ်ကမ်းလိုနေရာမျိုးမှာပဲသောက်ရတယ် မင်း! "

ထိုလူငယ်လေးက ဦးလေးကြီး၏စကားကိုအရေးမစိုက်စွာပင် ဒေါ်လာငွေများ မိုးပေါ်မြှောက်ကြဲခဲ့ပြီး ခြေလှမ်းကြဲကြီးများနှင့်ထွက်ခွာသွားတော့၏။ ဦးလေးကြီးကတော့ ပိုက်ဆံများကိုအာရုံရောက်သွား၍ လူငယ်လေးပျောက်သွားတာကိုမသိလိုက်ပေ။ ဒီကိစ္စတွေအကုန်လုံးက စက္ကန့်ပိုင်းအတွင်းဖြစ်ပွားခဲ့တာမို့ ဖြတ်သွားဖြတ်လာများက ငွေတွေလိုက်ကောက်နေသော ဦးလေးကြီးကိုသာ ထူးဆန်းသလိုကြည့်သွားကြ၏။

" GF4က အရင်ဆုံးခန်းမထဲဝင်သွားတယ် ၊ မင်းတို့ဘာသတင်းထပ်ကြားထားသေးလဲ "

သတင်းထောက်များက ကင်မရာတွေကိုယ်စီကိုင်ထားကြသော်လည်း ဘာဓာတ်ပုံမှမရိုက်ထားပေ။ GF4က စောင့်ကြည့်နေကြ၍ မလှုပ်ရဲပဲရှိနေသည်။ ခန်းမထဲဝင်ခွင့်မရ၍ အပြင်မှာရပ်စောင့်နေကြသော်လည်း လူငယ်လေးတစ်ယောက်က သူတို့ကြားမှအေးအေးလူလူဖြတ်ကာ ခန်းမထဲဝင်သွား၏။ လှုပ်ရှားမှုကမြန်လွန်း၍ နောက်ကျောပြင်နှင့် ဆံပင်ကိုသာတွေ့လိုက်ရသည်။

" ဘယ်သူလဲ အဲ့ဒါ ဟေ့ သူ့ကိုဘာလို့ဝင်ခွင့်ပေးလိုက်တာလဲ ၊ ငါတို့ကျတော့အပြင်မှာရပ်နေရတယ် "

ASTILLBE (Completed)Where stories live. Discover now