Part (13) (The Future)

54K 4K 200
                                    

Zawgyi

" ဘာလဲ ဘာလာလုပ်တာလဲ ကိုယ့်အခန်းကိုယ်ပြန် "

ညို့အခန်းထဲကို ဒုန်းစိုင်းဝင်လာပြီး သယ်လာတဲ့ခေါင်းအုံးတစ်လုံးကို အိပ်ယာပေါ်ဇိုးဇိုးဇက်ဇက် ပစ်ချကာ သူ့ကိုယ်လုံးကြီးနဲ့ ပစ်လှဲလာသည်။ အကျီလဲဝတ်နေတဲ့အချိန် ဝုန်းဒိုင်းကြဲဝင်လာတာကြောင့် ပါးစပ်လေးဟပြီး ရေရွတ်ရုံကလွဲရင် တအံ့တသြငေးကြည့်ရုံသာတတ်နိုင်သည်။ သူ့အခန်းရှိနေတာကို ဘာဖြစ်လို့ သူများအခန်းထဲ ပိုင်စိုးပိုင်နင်းဝင်လာရတာလဲ။ ညို့ကြည့်နေတာသိတော့ သူ့နှုတ်ခမ်းထောင့်ကြီးက လူယုတ်မာဆန်ဆန် မြင့်တတ်သွားသည်။ သူ့ကိုချစ်ပေမယ့် တစ်ခါတစ်လေ ညို့သူ့ကိုအကောင်းမမြင်သည့်အချိန်တွေလည်းရှိပါ၏။

အကျီလဲထားသူက ကုတင်နားကိုချက်ချင်းမလာသေးပဲ မျက်မှောင်ကုပ်ကာ စိုက်ကြည့်နေသည်။ သူကဘာဖြစ်နေတာလဲ။ မကြိုက်တဲ့ရုပ်နဲ့ ပြီးရင် သူပဲကြိုက်မှာမဟုတ်ဘူးလား။ နေကောင်းပြီးတဲ့ရက်တွေထဲက ကိုယ်နဲ့တွေ့ရင် သူအရင်မျက်နှာလွှဲသွားသည်။ ရှက်တာလိုလိုကြောက်တာလိုလိုရုပ်နှင့် လူကိုစိတ်တိုအောင် ၊ ရှုပ်ထွေးအောင်လုပ်သည်။ ဒါကြောင့် သူ့အနားကပ်လို့ရအောင် တမင်တကာ အိမ်စောစောပြန်လာတာဖြစ်သည်။ အိမ်အကူလေးတွေက ခြောက်နာရီခွဲဆိုရင်အလုပ်ဆင်းရတာကြောင့် ညအိပ်ကျန်ခဲ့တာက ခြံစောင့်နှင့် ဒေါ်ဝင်းတစ်ယောက်ထဲဖြစ်၏။ မေမေက အပေါ်ထပ်က သူ့အခန်းထဲမှာ တရားထိုင်ပုတီးစိပ်လုပ်လေ့ရှိတာကြောင့် အောက်ကိုဆင်းလာမှာမဟုတ်ပေ။

" ဒီကိုလာအိပ် "

" ဘာလို့လာတာလဲ ပြန်တော့ အိပ်ချင်ပြီ "

" အေး ဒါကြောင့်ဒီကိုလာခဲ့လို့ပြောတာ ဒီနေ့မင်းနဲ့အိပ်ချင်လို့ "

" မရဘူး မောင်က ဟိုတစ်ခါကလို ငါ့ကို ၊ မရဘူးနော် လုံးဝပဲ "

" ငါစိတ်တိုမလာခင်ဒီကိုလာခဲ့ "

အော်လိုက်တာကြောင့် ညို့နည်းနည်းလန့်သွားသည်။ သူအသံကျယ်တိုင်းလူကိုဖြဲခြောက်နေသည့်မောင်က တကယ့်လူဆိုးကြီးဖြစ်သည်။ တွန့်ဆုတ်နေတော့ ရုတ်တရက်ထလာကာ လက်ကိုဆောင့်ဆွဲခေါ်ကာ ညို့အပေါ်အုပ်မိုးလာသည်။ အလိုအလျောက်တုန့်ပြန်မှုအရ သူ့ရင်အုပ်ကြီးကို တွန်းပစ်လိုက်၏။ သူ့အားက ကြီးလွန်းတာကြောင့် လုံးဝရွေ့မသွားပေ။ ရေချိုးလာတာကြောင့် သူ့ဆီက ဆပ်ပြာနံ့ရသည်။ ဆပ်ပြာနံ့က အရမ်းကြီးမွှေးနေတာမဟုတ်ပဲ သူ့ကိုယ်နံ့နဲ့ရောနှောကာ ယောကျာ်းဆန်ဆန်အနံ့က နှာခေါင်းထဲတိုးဝှေ့လာသည်။ သူ့အနံ့က ကောင်းသည်ဟု ညို့ထင်မိသည်။ ထို့ကြောင့် မသိမသာအနံ့ခံကြည့်တော့ သူ့ဆီက ရယ်သံကြားရ၏။

ASTILLBE (Completed)Where stories live. Discover now