Part (50) (ပဲစေ့လေးတွေက ကမြင်းလွန်းနေတယ်)

44.6K 3K 129
                                    

Zawgyi

အိမ်ထဲမှာနေရတာ စိတ်ကျဉ်းကြပ်သည်ဟု ညီးညူလာသူကြောင့် သူ့စိတ်တိုင်းကျ အပြင်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ ယောက္ခမဖြစ်သူကလည်း သူ့သားကိုစိတ်မချ၍ အတူလိုက်လာသည်မို့ တည်မြဲတို့ကြားကလေထုက အနည်းငယ် ကသိကအောက်ဖြစ်နေရ၏။ ယောက္ခမဖြစ်သူက တည်မြဲကို ဘာမှသိပ်မပြော ၊ သူ့သားရှေ့မှာမပြောချင်လို့လည်း ပါမည်ထင်သည်။ အရင်ကထက်စာရင်တော့ ကလေးမျက်နှာနှင့် အဆင်ပြေပြေရှိနေတာကြောင့် မျက်နှာချင်းဆိုင်ရလျှင်လည်း တကျက်ကျက် ဖြစ်မနေတော့ပေ။ နှစ်ယောက်လုံးရဲ့ ဦးစားပေးက မှိုင်းညို့ဖြစ်နေလေတော့ သူ့ရှေ့မှာ သူစိတ်ပင်ပန်းစေမယ့် အရာမှန်သမျှမလုပ်မိအောင် သတိထားရသည်။ တည်မြဲကမ္ဘာရဲ့ အမျိုးသားက တကယ်အချစ်ခံလေးဖြစ်သည်။

" မောင် ဆိုင်မှာပဲမုန့်ထိုင်စားရအောင် ဒီနေ့စားချင်တာတွေများတယ် "

" အစပ်တွေအငန်တွေတော့မစားရဘူးနော် အိမ်ကိုပါဆယ်ယူလည်းရတာပဲ ဘာလို့ဒီမှာလာထိုင်စားမှာလဲ ဒီနေ့ပိတ်ရက်ဆိုတော့ လူတွေအရမ်းများတယ် "

" ဒါတော့ဟုတ်တယ် သားဘယ်လိုလုပ်ချင်လဲ "

ဦးမဟာသွေး မနေနိုင်တော့ဝင်ပြောရသည်။ သားရဲ့ ကိုယ်ဝန်က လရင့်နေပြီဆိုတော့ လူများတဲ့နေရာတွေမသွားစေချင်။ နယ်သာလန်မှာဆိုရင်တော့ လျှောက်လည်စရာနေရာတွေရှိပြီး လေကောင်းလေသန့်ရသလို amusement parkတွေကလည်း ကောင်းမွန်သည်။ သားသဘောကျတဲ့ Botanical Gardenမှာလည်း အပင်မျိုးစိတ်အသစ်တွေထပ်ရောက်နေတော့ သားသဘောကျမှာသေချာသည်။

" ဟွန်း ငါပြောသားပဲ သားကိုနယ်သာလန်ပြန်ခေါ်ပါ့မယ်လို့ ၊ ဒီမှာ city markတွေပဲရှိတာ အခုအချိန်ကလည်း လျှောက်လည်ဖို့ ၊ လမ်းထွက်လျှောက်ဖို့ကောင်းတဲ့အချိန်မဟုတ်ဘူး "

" ဖေကြီး သားအဆင်ပြေပါတယ် မောင်ရောဖေကြီးရော ရှိတာပဲ ဘာမှဖြစ်မှာမဟုတ်ပါဘူး အခုဗိုက်ဆာနေပြီမို့လို့ အထဲဝင်ကြရအောင်လေ "

တည်မြဲ သူတို့သားအဖရဲ့စကားဝိုင်းထဲဝင်မပါပေ။ ယောက္ခမဖြစ်သူက ကိုယ့်ကိုမကျေနပ်ပေမယ့် မသိချင်ယောင်ဆောင်ထားလိုက်သည်။ တည်မြဲမှ သူ့ကိုမခွဲနိုင်တာ သူ့အဖေနဲ့လည်းပြန်ထည့်မပေးလိုက်နိုင်။ မကြာခင်အချိန်အတွင်းမှာ ကလေးတွေကလည်း လူ့လောကထဲရောက်လာကြတော့မည်ဖြစ်သည်။ သူ့ဗိုက်ကလေးက တော်တော်လေးကိုစူထွက်နေပြီး တီရှပ်အပွကြီးကိုမှ အပေါ်က အကျီလက်ရှည်အပါးတစ်ထည်ဝတ်ပေးထားတာကြောင့် ဗိုက်ကိုတော့ကာကွယ်ပြီးသားဖြစ်သွား၏။ ဦးထုတ်ရော နှာခေါင်းစည်းတွေပါတပ်ပေးထားတာကြောင့် သူ့မျက်နှာကိုလည်း ဘယ်သူမှသေချာမမြင်ရပေ။

ASTILLBE (Completed)Where stories live. Discover now