Main Characters Explanation

31.1K 1.9K 79
                                    

Zawgyi

Character Explanation. 

တည်မြဲနဲ့မှိုင်းညို့ရဲ့ ကာရိုက်တာကိုမြင်အောင်ကြည့်ပေးပါနော်။ အစပိုင်းလောင်ရတယ်ဆိုတာမှန်ပါတယ်။

မှိုင်းညို့ (မှိုင်းမဟာသွေး) ရဲ့ပုံစံကိုနည်းနည်းရှင်းပြပါ့မယ်။

သူကတော့ အချစ်တတ်ဆုံးလူသားတစ်ယောက်ဆိုတာ သိမယ်ထင်တယ်။ မှိုင်းညို့က တည်မြဲကမ္ဘာကိုအရမ်းချစ်တာပါ။ ကျောင်းသားဘဝတည်းကချစ်ခဲ့ရတဲ့သူပေါ့။ ချစ်တယ်ဆိုတိုင်းလည်း တည်မြဲကမ္ဘာ သူ့ကို ဘာလုပ်လုပ်သည်းခံနေတာမဟုတ်ပါဘူး။ အကြောတင်းတယ်ပဲဆိုကြပါစို့။

မောင့်ကိုသူချစ်လွန်းလို့ ဆင်ခြင်ခဲ့တဲ့ကိစ္စလေးတွေရှိပါတယ်။ မောင်ကသူ့ကိုအစပိုင်းမှာမုန်းနေတော့ သူဝမ်းနည်းခဲ့ရတာ ၊ ဒါကြောင့် ဟေမာန်စိုးနဲ့တွဲနေမှန်းသိသိကြီးနဲ့ လိုက်လျောပေးထားခဲ့တာ။ အစောပိုင်းကာလတွေက သူ့အတွက်နာကျင်ရတဲ့ကာလတွေဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းတွေမှာ မောင်က သူ့အပေါ် အရင်ကလိုခါးခါးသီးသီးမဖြစ်တော့တာကို သူပျော်ပေမယ့် သူ့စိတ်ထဲမှာ မောင်ကသူ့ကို နမ်းတာတွေဖက်တာတွေကို ဟေမာန်စိုးနဲ့လည်းလုပ်ခဲ့တယ်လို့ထင်ပြီး ငိုခဲ့တာတောင်ရှိပါသေးတယ်။ အစောပိုင်းတည်းက မောင့်ကိုချစ်လွန်းလို့ ရိုးတွင်းချဉ်ဆီပေးတာရော အခုနောက်ပိုင်း ကိုယ်ဝန်ယူပေးတဲ့အထိပါ လုပ်ပေးခဲ့တယ်။

မှိုင်းညို့ အတွေးကရိုးရှင်းပါတယ်။ သူမောင့်ကိုချစ်တာစစ်မှန်လို့ မောင်လည်းတစ်ချိန်မှာသူ့ကိုနားလည်မယ်လို့မျှော်လင့်ခဲ့တာပါ။ မောင့်အတွက်သူက ဘာမဆိုဖြည့်စည်းပေးချင်တယ်။ မောင်သူ့ကိုလက်ထပ်လိုက်ရလို့ မောင့်ကိုပတ်ဝန်းကျင်ကကဲ့ရဲ့မှာလည်းကြောက်တယ်။ မောင့်အတွက် မိသားစုလေးတစ်ခုမပေးနိုင်မှာကိုလည်း သူစိုးရိမ်ခဲ့တာပါ။ မောင်နဲ့လက်ထပ်ရလို့ သူ့ကိုယ်သူခံယူထားတဲ့ အပြစ်ရှိစိတ်လေးပါ။

ဒီအမျိုးသားက မောင့်ကြောင့်နာကျင်ခဲ့ရဖူးသော်လည်း မောင့်ကိုချစ်ရတာကိုပဲပျော်နေတဲ့လူပါ။ မောင့်ကိုချစ်ရတာပင်ပန်းလို့ သူလက်လျော့ချင်ခဲ့ပေမယ့် မောင့်ကိုမချစ်ရတာကမှ သူ့အတွက်တကယ်ပင်ပန်းရတာ။

ASTILLBE (Completed)Where stories live. Discover now