Part (45) ( ပဲစေ့လေးတွေကို ပိုချစ်သွားရင်ဘယ်လိုလုပ်မလဲ? )

47.7K 3.2K 100
                                    

Zawgyi

C နိုင်ငံ၏ လေဆိပ်တွင် လုံခြုံရေးများ ၊ သတင်းထောက်များဖြင့်ပြည့်နှက်နေသည်။ ခရီးသွားများရှိနေသည့်အတွက် လုံခြုံရေးများက ထိုသတင်းထောက်များကိုထိန်းချုပ်ထားရ၏။ ခရီးသွားများကလည်း နေရာမှာရပ်ကာ စူးစမ်းနေကြ၏။ အခမ်းအနားပြီးဆုံးပြီးနောက် ဖိတ်ကြားထားသော ဧည့်သည်များသည်လည်း သူတို့၏နိုင်ငံကိုထွက်ခွာကြမည်ဖြစ်သည်။ မြို့တော်ဝန်က လူကိုယ်တိုင်လိုက်မပို့သော်လည်း လိုအပ်သည့်အကာအကွယ်များကိုတော့ ပေးလိုက်သည်။

" ဟက်ချိုး "

" မင်းနှာချေနေပြန်ပြီ အပြင်ဘက်မှာအကြာကြီးမရပ်နဲ့လို့ ငါပြောသားပဲ ဒီကိုလာ "

ဆောင်းဝင်နေပြီဖြစ်၍ လေဆိပ်အပြင်ဘက်တွင် နှင်းများကျလာပြီဖြစ်သည်။ C နိုင်ငံရောက်ပြီးမှ ပထမဆုံးမြင်ရတဲ့နှင်းဖြစ်တာကြောင့် ကြောင်ငပျင်းလေးက အပြင်ထိထွက်ကြည့်သည်။ အခုလေဆိပ်ထဲပြန်ဝင်လာတော့ ထပ်ခါထပ်ခါနှာချေနေ၍ နှာသီးလုံးလေးက နီချင်နေပြီဖြစ်သည်။ သူ့လက်တွေကို အပူငွေ့ပေးရင်း လက်ချင်းယှက်ကာ ကုတ်အကျီအိတ်ကပ်ထဲထည့်လိုက်သည်။ ဆင်စွယ်ရောင်ဆွယ်တာအပေါ်မှ အသားရောင် လောင်းကုတ်အရှည်ကို ဂျင်းအပြာနုဘောင်းဘီဖြင့် တွဲဝတ်ထားသူက ဖြူနုသည့်အသားအရည်နှင့် မြန်မာရုပ်မပေါ်ပေ။လည်စည်းအဖြူရောင်က ရှည်လွန်းနေ၍ မျက်နှာကတစ်ဝက်နီးပါး မြုပ်နေ၏။

တည်မြဲကတော့ သူနှင့်ပြောင်းပြန်ဖြစ်သည်။ သူက လူငယ်ဆန်ဆန်ဖြင်နေသော်ညားလည်း တည်မြဲကတော့ ခန္တာကိုယ်နှင့်fitဖြစ်သည့် ရှပ်အကျီအနက်ကို pants အဖြူရောင်နှင့်တွဲဝတ်ထားပြီး လောင်းကုတ်နီညိုရောင်နှင့်ဖြစ်သည်။ မျက်မှန်အနက်ကို တပ်ထားပြီး တစ်ဖက်က ခရီးဆောင်အိတ်ကိုဆွဲထား၏။ နောက်လက်တစ်ဖက်က ဘေးမှာရပ်နေသည့်အမျိုးသားလေး၏ ခါးကိုဖက်တွယ်ထားသည်။

တော်တော်များများ၏အကြည့်က အရပ်အမြင့်ကွာခြားနေသောသူတို့နှစ်ယောက်ဆီသို့သာ ရောက်ရှိနေ၏။ လုံခြုံရေးအမျိုးသမီးတွေဆိုရင် ဒီဘက်ကိုသိသိသာသာရောမသိမသာပါ ငေးကြည့်နေကြသည်။ Cနိုင်ငံကအမျိုးသမီးတွေက အရပ်ရှည်ကြပြီး မျက်နှာကအရိုင်းဆန်သည်။ ဒီမှာက ရာသီဥတုသုံးမျိုးမရှိပေ။ မိုးနှင့်ဆောင်းရာသီသာ တစ်လှည့်စီကူးပြောင်းနေကြသည်။ ရာသီဥတုမတူညီ၍ သူတို့အသားအရည်တွေက အနည်းငယ်နီသည့်ဘက်ကိုသွား၏။

ASTILLBE (Completed)Where stories live. Discover now