Part (59) ( Worship of Love )

32.1K 2.2K 133
                                    

Zawgyi

" မင်းအဖေက ငါ့ကိုတွေ့ချင်တယ်လို့ပြောတာလား ၊ မင်းအဖေကလေ "

" အင်း မနေ့က ငါ့ကို ကိုကိုဖုန်းဆက်တယ် ၊ ကိုကိုက နောက်တစ်ပတ်ဆိုရင် နယ်မြို့တစ်မြို့ကို volunteer အဖြစ်သွားမယ်လို့ လှမ်းပြောတာ ၊ အဲ့ဒါမတိုင်ခင်တစ်နေ့ကို ညစာလာအတူစားဖို့အတွက် အိမ်ကို လာဖို့ ပြောသေးတယ် ၊ ပြီးတော့ ဒယ်ဒီကလည်း မင်းကိုတွေ့ချင်တယ်တဲ့လေ "

Macbookကို ပိတ်ကာ မျက်မှန်ကိုချွတ်လိုက်သည်။ မီးပူတိုက်နေတဲ့ ရဟန်ခွန်းသကိုလှည့်ကြည့်လိုက်တော့ ခွေးပေါက်က တော်တော်လေးကိုအလုပ်ကြိုးစားထားပါတယ်။ မီးပူတိုက်ထားတဲ့အကျီတွေက ရွဲ့စောင်းလို့ဖြစ်သည်။ မီးကျွမ်းတဲ့အနံ့တွေပါရနေတာကြောင့် Key မီးခလုတ်ကိုဆွဲဖြုတ်လိုက်သည်။

" မီးကိုဖွင့်မထားနဲ့ နှစ်ယောက်လုံးမီးကင်ပြီးသားဖြစ်ချင်လို့လား ၊ ထားလိုက်တော့ ငါပဲခေါက်မယ် မင်းခြေအိတ်တွေသွားလျှော်ဦး "

" လျှော်ရဦးမှာလား ၊ ငါ့မှာထမင်းလည်းချက်ရတယ် ၊ ကြမ်းတိုက်တာရတယ် ၊ မီးပူလည်းတိုက်ရသေးတယ် ၊ မင်းခိုင်းတာအကုန်လုပ်ပေမယ့် ဆုလည်းမရဘူး "

" အဟက် ဆုလိုချင်တာလား ၊ ဒီကိုလာ ခွေးပေါက်လေး "

" ဒီလိုမှပေါ့ "

ဆံပင်ရွှေရောင်နဲ့ ပါပီအကြီးကြီးက Keyအပေါ်ခုန်တတ်လာသည်။ ခုန်တတ်တာနှင့် Keyသူ့ကို သိုင်းဖက်လို့ လက်မောင်းကြားထည့်ညှစ်လိုက်သည်။

" အာ့ အား!! ဘာလို့လဲ bae ကိုယ်ဘာလုပ်လို့လဲ "

" ခြေအိတ်သာသွားလျှော်စမ်းပါ "

ညှစ်ထားရာကနေ လွှတ်ပေးလိုက်တော့ ပေစောင်းစောင်းကြည့်ကာ ခြေအိတ်တွေသယ်သွားသည်။ Key ရယ်လိုက်မိ၏။ အရှုပ်ထုတ်လေးက သူအလုပ်အတွေအများကြီးလုပ်ရတယ်ဆိုတာကိုပဲ လူသနားစရာကောင်းအောင်ပြောတတ်သည်။ လုပ်သမျှအရာတိုင်း တလွဲတွေဖြစ်တာကိုကျတော့ ထည့်မပြော။ သူလုပ်ပြီးထားခဲ့တဲ့ ကိစ္စတိုင်းကို Keyကပဲ ပြန်လုပ်ရတာပဲ။ မင်းသားလေးက သရုပ်ဆောင်တာကလွဲရင် ဘာမှမလုပ်တတ်တော့ မခက်ပေဘူးလား။

ASTILLBE (Completed)Where stories live. Discover now