Part (51) ( ပဲစေ့လေးတွေ အပင်ပေါက်လာပြီ!! )

40.6K 2.9K 48
                                    

Zawgyi

" ဖြည်းဖြည်းထိုင် "

ဆေးရုံလျှောက်လမ်းအတွင်းမှ အမျိုးသားနှစ်ယောက်အနက် တစ်ယောက်က ဆေးရုံအကျီဝတ်ထားပြီး ဖြည်းဖြည်းချင်းလမ်းလျှောက်နေသည်။ မလျှောက်နိုင်တော့သည့်အခါ ကျန်တဲ့အမျိုးသားက ဝှီးချဲကိုဖြန့်ကာ ကိုယ်ဝန်သည်အမျိုးသားအား ဖြည်းဖြည်းချင်းထိုင်စေသည်။ VVIP အထပ်ဖြစ်သည့်အတွက်ကြောင့် ဆေးရုံလျှောက်လမ်းမှာ သူနာပြုဆရာမအနည်းငယ်နှင့် VVIPလူနာအနည်းငယ်ကိုသာတွေ့ရသည်။ ခြေထောက်ကျိုးသည့်လူနာများ ၊ ကိုယ်ဝန်သည်များကလည်း လေ့ကျင့်ခန်းလုပ်ကြပုံပေါ်သည်။

" မောင် အပြင်ထွက်ချင်တယ် "

" ဟိုလျှောက်လမ်းအထိပဲရမယ် မင်းအခုအချိန်ဘာမှလုပ်ဖို့ခွင့်မပြုနိုင်ဘူး လိမ္မာတယ် ၊ မင်းရော ကလေးတွေရောကောင်းဖို့ပြောတာ "

" ဒါပေမယ့် "

" ဘာလို့ပြောရခက်နေတာလဲကွာ "

ဆေးရုံမှာနေရတာ မွန်းကြပ်သည်။ ပျင်းရိနေတာကြောင့် အပြင်ထွက်ချင်သော်လည်း အားလုံးက အန္တာရယ်များသည်ဟုဆိုကာပေးမထွက်ကြပေ။ ညို့တကယ်နေရထိုင်ရအဆင်ပြေပါသည်။ တစ်ခါတစ်လေ ပဲစေ့လေးတွေက ကန်တာကြောင့်နာတာကလွဲရင် ကျန်တာတွေသိပ်မဖြစ်။ ပဲစေ့လေးတွေက ကံကောင်းခြင်းလေးတွေဖြစ်သည့်အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ဆိုးဆိုးရွားရွားဒုက္ခမရောက်ခဲ့ပါ။

" ဒီက ဘယ်နှစ်လရှိပြီလဲဟင် ကျွန်မက အခုမှ ငါးလထဲဝင်တာ "

" မွေးရက်သတ်မှတ်ထားပြီးပြီဗျ "

" ဟယ် ဟုတ်လား ကျွန်မက ရှင်တို့မျက်နှာချင်းဆိုင်အခန်းကပါ ၊ ရှင်ရောက်လာတည်းက မေးချင်နေတာ ၊ ရှင့်သတ္တိကိုအရမ်းလေးစားတာပဲ ၊ အခုက ကံမကောင်းရင် အမျိုးသမီးတွေတောင်ကိုယ်ဝန်ဆောင်ဖို့မလွယ်တဲ့ခေတ်ပါ ၊ ကျွန်မလည်း တစ်ခါကိုယ်ဝန်ပျက်ကျဖူးတယ်လေ "

" ကျွန်တော်စိတ်မကောင်းပါဘူး "

" ရပါတယ် ကျွန်မ ကိုယ်ဝန်ကိုပေါ့ပေါ့သေးသေးသဘောထထားမိခဲ့လို့ ကလေးကလူ့လောကထဲတောင်မရောက်လိုက်ရှာဘူး ၊ ကျွန်မအမျိုးသားကတော့ နားလည်ပေးပါတယ် ၊ အဲ့ဒါနဲ့ ကျွန်မအားမလျော့ဖို့ကြိုးစားလိုက်တယ် ၊ အခုရှင်တို့ကိုမြင်တော့ ကျွန်မကြည်နူးမိလို့ စကားလာပြောတာရယ် "

ASTILLBE (Completed)Where stories live. Discover now