Part (3)

54.9K 4.3K 343
                                    

Zawgyi

Bossနှင့်ဝေးတဲ့နေရာမှာထိုင်နေတဲ့ ဝန်ထမ်းတွေက တစ်ယောက်တစ်ပေါက်စကားတွေပြောနေကြပေမယ့် Bossအနီးမှာထိုင်နေသူတွေကတော့ တိတ်ဆိတ်ကာချွေးပြန်လျက်ရှိနေသည်။ Bossကဘာလိုအလိုမကျနေသည်မသိ ၊ လက်ကိုပိုက်ထားကာဆိုင်ထဲကိုလှည့်ပတ်ကြည့်နေသည်။ ဆိုင်ထဲကလူတွေကလည်းBossကိုသိသိသာသာရော မသိမသာပါကြည့်နေကြ၏။ Bossက အနက်ရောင်shirtလက်ရှည်ကို fitဖြစ်အောင်ဝတ်ထားသည်။ အရပ်ရှည်ရှည်ထောင်ထောင်မောင်းမောင်းနှင့် ခန့်ခန့်ညားညားကြီးမို့ လူတိုင်းငေးကြတာမဆန်းလှပါ။

အစက ဝေယံသည်လည်းအတွင်းရေးမှူးနေရာလျှောက်ထားတာမဟုတ် ၊ စာရင်းကိုင်အနေနဲ့ပဲလျှောက်ထားတာ။ သူအလုပ်ဝင်ပြီးမကြာခင်မှာပဲ PAက အလုပ်ထွက်သွားသည်။ အကြောင်းအရင်းက Bossဒဏ်မခံနိုင်လို့ဖြစ်သည်။ အဲ့ဒါနဲ့ပဲသူ့မှာ PAနေရာကို မျက်စိသူငယ်နားသူငယ်နှင့်ရောက်ရှိသွားခြင်းဖြစ်သည်။ အခုလည်းBossဘေးနားထိုင်နေရတာ ချွေးတောက်တောက်ကျနေပြီ။ Bossအနားမှာနေရင် ရာသီဥတုကခဏခဏဖောက်ပြန်တတ်တာကြောင့် ဝေယံ အစားတောင်ကောင်းကောင်းမြိုမချရဲပေ။

" ဝေယံ "

" ဗျ ဗျာ Boss "

" ဒီဆိုင်ကိုဘယ်လိုမြင်လဲ "

ဝေယံ ဆိုင်တစ်ခုလုံးကိုအကဲခတ်လိုက်သည်။ စားသောက်ဆိုင်ဆိုပေမယ့် မှန်တွေနှင့်ကာထားပြီး အထဲဝင်လိုက်လျှင် ဧည့်သည်တွေကဆူညံနေတာမျိုးမရှိ ၊ အပြင်အဆင်လည်းကောင်းသည်။ serviceလေးကလည်း ကောင်းသည့်အထဲပါသည်။ ဟင်းပွဲအရသာတွေကတော့ အခုထိရောက်မလာသေးလို့ သူမပြောတတ်ပါ။

" ဆိုင်ပိုင်ရှင်က တော်တော်စီမံတတ်တယ်လို့တော့ထင်တယ် Boss ၊ နေရာကောင်းမှာဆိုင်ဖွင့်ထားတာမို့ ဧည့်သည်မပြတ်ဘူး စားပွဲခုံတွေဆို အညစ်အကြေးမရှိပဲသန့်နေတာပဲ "

" အင်း "

Bossကဘာမှထပ်မမေးတော့ပဲ ခေါင်းတငြိမ့်ငြိမ့်နှင့်။ ခဏနေတော့ မှာထားတာတွေရောက်လာသည်။ မရီတာ တို့ကတော့ Bossစိတ်မပြောင်းခင် ဈေးကြီးတာတွေမှာကာ ကြိတ်နေတာမြင်ရ၏။ ဝေယံလည်း မှာထားသည့် ထမင်းဖြူနှင့် ပင်လယ်စာအစုံသုတ်ကို ခပ်သွက်သွက်ပါးစပ်ထဲထည့်လိုက်သည်။ အရသာကကောင်းသည် ၊ အစပ်ကြိုက်သူမို့ ပင်လယ်စာရဲ့အရသာက မိုက်နေသည်။

ASTILLBE (Completed)Where stories live. Discover now