Part (26) ( မောင်နဲ့အတူရှိနေသမျှအချိန်တိုင်းက ငါ့အတွက်နိဗ္ဗာန်ပဲ)

53.6K 3.7K 111
                                    

Zawgyi

" လွမ်း ခဏနေပါဦး ခင်ဗျားတစ်ခုခုပြုတ်ကျကျန်နေခဲ့ပြီ "

လွမ်းမူပိုင်လင်း အနောက်ဘက်ဆီမှကြားလိုက်ရသောအသံကြောင့် စိတ်ရှုပ်ကာလှည့်ကြည့်မိသည်။ သူဒီလူကို သေချာမှတ်မိ၏။ ရန်ပွဲတစ်ခုကြောင့် အကွဲကွဲအပြဲပြဲဆေးရုံရောက်လာသူဖြစ်သည်။ သူ့ဒဏ်ရာတွေပျောက်သွားတာတောင် ဆေးရုံကိုလာနေစဲဖြစ်သည်။ သူနာပြုမတွေကတောင် သို့လောသို့လောတွေပြောလို့။ ပြီးတော့ လူကိုခေါ်တာလည်း "လွမ်း" တဲ့။ တစ်ခြားသူတွေက "လွမ်း" လို့ခေါ်ဖို့နေနေသာသာ " ဒေါက်တာလင်း " ဒါမှမဟုတ်ရင် "ဒေါက်တာမူပိုင် " ဟုသာခေါ်ကြတာဖြစ်သည်။ ထို့ကြောင့် ယောကျာ်းတစ်ယောက်ဆီက နူးနူးညံ့ညံ့အခေါ်အဝေါ်ကြားရတာ လွမ်းကြက်သီးထမိသည်။

" သြော် လူနာ လာပြန်ပြီလား ၊ ဒီတစ်ခေါက်ရော အမျိုးထဲကဘယ်သူဆေးရုံတတ်ရလို့လဲ "

" အာ အဲ့လိုမဟုတ်ရပါဘူးလေ ၊ ကိုယ်က လွမ်းကို ကျေးဇူးတင်ကြောင်းပြောချင်လို့ ရောက်လာရတာပါ ၊ ဒီမှာ လွမ်းရဲ့ နာမည်ကဒ် "

လွမ်းသူ့လက်ထဲက ကဒ်ကိုလှမ်းယူလိုက်တော့ လွယ်လွယ်လွှတ်မပေး။ ထို့ကြောင့် လွမ်းအားထည့်ကာ ဆွဲလိုက်မှ ပါလာသည်။

" ပြီးတော့ ကိုယ့်ကိုလူနာလို့မခေါ်ပါနဲ့ ကိုယ့်နာမည် တိမ်ယံပါ ၊ သိတယ်မလား တိမ်တွေရဲ့အထက်မှာရှိတယ်လေ ဟဲ ဟဲ "

လွမ်းမျက်နှာမဲ့သွားသည်။ ဘယ်လိုလူလဲ။ သူ့နာမည်မခေါ်ချင်လို့ လူနာလို့ခေါ်ပါတယ်ဆိုမှ။

" ထားပါတော့ ကိုတိမ်ယံက ကျွန်တော့်ကိုကျေးဇူးတင်ကြောင်းပြောမလို့ဆို ၊ ပြောပြီးရင်ပြန်တော့လေ ၊ ဂျူတီရှိသေးတယ် "

" ရင့်လိုက်တာ လွမ်းရာ ၊ ကိုတိမ်ယံလို့မခေါ်ပါနဲ့ "တိမ်ယံ" ဒါမှမဟုတ် "ယံ" လို့ခေါ်ပေါ့ ၊ ကိုယ်တောင် လွမ်းကိုလွမ်းလို့ပဲခေါ်တာလေ "

တိမ်ယံပြောပြီးတာနဲ့ လွမ်းမျက်နှာကိုတစိမ့်စိမ့်ကြည့်လိုက်သည်။ အမြင်မှားတာလားတော့မသိ ၊ လွမ်း နားရွက်ညိုညိုပါးပါးလေးတွေ ရဲနေသလားလို့ ။ လွမ်းနှင့်တိမ်ယံတို့ကို သူနာပြုမလေးတွေငေးသွားကြသည်။ လွမ်းက ဒီဆေးရုံမှာအငယ်ဆုံးဆရာဝန်ဖြစ်၍ ပေါ်ပြူလာဖြစ်ပုံရသည်။ တိမ်ယံမျက်နှာမဲသွားသည်။ လွမ်းကို ပိုင်ဆိုင်ရတဲ့နေ့ကြမှ လွမ်းပုခုံးပေါ်လက်တင်လို့ ဝဒ်(ward)ရှေ့ ဖြတ်လျှောက်ပြပါဦးမယ်။

ASTILLBE (Completed)Where stories live. Discover now