Part (60) (ဇာတ်သိမ်းပိုင်း)

51.3K 2.6K 166
                                    

Zawgyi

" ဘာမြင်လို့လဲ "

" အင်း ဒီတိုင်း အသိတွေတွေ့လိုက်ရလို့ "

" ဖေ ကျွတ် ကျ ပြီ "

မှိုင်းကမ္ဘာငယ်က တိုက်ပုံအကျီအဖြူလေးကို ပုဆိုးနဲ့ဝတ်ထားရတာမို့ အောက်ကိုခဏခဏငုံ့ကြည့်နေတတ်သည်။ ပုဆိုးကမဝတ်တတ်တော့ ခဏခဏကျွတ်ကျနေတာ သူ့အတွင်းခံဘောင်းဘီသေးသေးလေးတောင်ပေါ်လို့။ သားအရှေ့ထိုင်ကာ သားပုဆိုးကို ဆွဲဝတ်ပေးလိုက်သည်။ အကြောင်းကွဲမယ်ဆိုတာသိလို့ ခါးပတ်သေးသေးလေးပါယူလာလိုက်တာ အဆင်ပြေသွားသည်။ သားပုံစံက တိုက်ပုံအဖြူ ပုဆိုးနတ်ပြာကို ခါးပတ်နဲ့ သူကြီးသား ပေါက်စလေးနဲ့မတူပေဘူးလား။

" သက္က ဖေဖေ့ဆီလာဦး မင်းလည်းသိပ်မကြာခင်ကျွတ်ကျတော့မှာ "

အမွှာနှစ်ယောက်နှင့်အလုပ်ရှုပ်နေတာကြောင့် ဘုရားကိုတစ်ပတ်တောင်မပတ်ရသေးပေ။ လူနည်းမယ့်အချိန်ရွေးသွားပေမယ့် ဘုရားပေါ်ရောက်တော့လူတွေများနေတာဘယ်တတ်နိုင်မလဲ။ ကလေးနှစ်ယောက်ကို လူတိုးမှာကကြောက်ရသေးသည်။ ဒီနေ့က အမေ့မွေးနေ့မို့လို့ရော ကုသိုလ်လုပ်ချင်တာကြောင့်လည်း ဘုရားသို့ရောက်လာခဲ့တာပင်။

" ဖေ လူ တွေ များ တယ် "

" ဟုတ်တယ် သား ဒါကြောင့် သား ဖေဖေ့လက်ကိုလုံးဝမလွှတ်ရဘူးနော် သားရောပဲ ဖေကြီးစကားကိုနားထောင်ရမယ် ၊ ဖေဖေတို့လူချင်းကွဲသွားလို့ မဖြစ်ဘူးနော် "

" ကဲပါ လူအရမ်းမများခင် မြန်မြန် ဘုရားကန်တော့ကြမယ် ၊ ဘုရားတစ်ပတ်ပတ်ဦးမှာမလား "

" အင်း အင်း ဒါဆိုမောင် သားလက်ကိုသေချာဆွဲထား အခုလူသိပ်မများတော့ လမ်းလျှောက်လို့ရသေးတယ် လူများလာမှ ချီလိုက် "

မှိုင်းကမ္ဘာငယ်က ဘုရားပေါ်အခုမှရောက်ဖူး၍ လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ မျက်လုံးထဲမှာ အရောင်စုံအကျီတွေနဲ့ ကိုကိုမမတွေကိုကြည့်ပြီး မြူးကြွနေ၏။ သူ့အဖေလက်ကို လက်တွေနဲ့တွန်းနေတာကြောင့် သူ့အဖေက ကောက်ချီသည်။

" ခုဏက ဖေဖေမှာတာမကြားဘူးလား သား စကားနားမထောင်ရင် သားလိုချင်တာဝယ်မပေးတော့ဘူးနော် "

ASTILLBE (Completed)Where stories live. Discover now