15.5 ( Warning )

65.8K 3.9K 188
                                    

Zawgyi

Author Note - 15.5က wattpadမှာပဲ ဖတ်လို့ရတဲ့အပိုင်းပါ။ Part (15)ရဲ့ အဆက် mature အပိုင်းဖြစ်ပါတယ်။
Mature မဖတ်ချင်သူတွေက ဒါကိုကျော်ပြီး အပိုင်း (16) ကိုဖတ်ပေးပါရှင်။

<<<<<<
>>>>>>

" ရှက်နေတာလား အဲ့ဒါ အဟက် မင်းတစ်ကိုယ်လုံးတုန်ရီနေတာ သစ်ရွက်ကျနေတာပဲ ဘယ်အချိန်ထိ မျက်နှာကိုဝှက်ထားဦးမှာလဲ ဟမ် "

တစ်ခွန်းမှပြန်မဖြေပဲ တအီအီလုပ်နေတာကြောင့် တည်မြဲ သူ့ဆံပင်တွေကို နောက်ကနေစုကိုင်ပြီး ဆွဲမော့လိုက်သည်။ မျက်နှာက ဖွေးအုနေပြီး ပါးပြင်မှာ ပန်းရောင်တိမ်တိုက်လေးတွေရှိနေသည်။ မျက်လုံးအောက်က မှဲ့လေးနှစ်ခုက အသက်ဝင်နေသည်ဟု တည်မြဲထင်မိ၍ ဖိနမ်းတော့သည်။ သူ့အသားအရည်က ဝါဂွမ်းထက်တောင် အိစက်နေသေးသည်။ တစ်ကိုယ်လုံးက စိုပြေပြီးဝင်းနေတာ ၊ လက်တွေခြေတွေဆိုရင် အမွှေးအမျှင် ပါးရှပ်ရှပ်လေးတွေသာရှိပြီး မွှေးညှင်းပေါက်လေးတွေကိုတောင်မတွေ့ရပေ။ ဆွဲမော့ထားတာကြောင့် အာဒမ်ပန်းသီးငယ်က လှုပ်စိလှုပ်စိနှင့် စိတ်ကိုတမင်စမ်းသပ်နေသယောင်။

လည်တိုင်ကနေတဆင့်အနမ်းတွေပျိုးပြီးနောက် အကျီကြယ်သီးသုံးလေးလုံးကို တစ်လုံးချင်းလိုက်ဖြုတ်သည်။ ဖွေးအုနေသည့် ရင်အုပ်တွေက အရမ်းကြီးပြားကပ်နေတာမျိုးမဟုတ်ပဲ ကြည့်ကောင်းသည်။ ဗိုက်က Absအနည်းငယ်က ခပ်ရေးရေးသာပေါ်နေ၏။ သူ့ခန္တာကိုယ်က မိန်းမဆန်ဆန်ကောက်ကြောင်းမျိုးမဟုတ်ပေ၊ ယောကျာ်းဆန်ဆန်ခန္တာကိုယ်မျိုးဖြစ်ကာ ကောက်ကြောင်းလှသည်ဟုဆိုရပေမည်။ ခါးနားရောက်တော့ အနည်းငယ်သိမ်သွားပြီး တင်ပုခုံရိုးတွေက အနေတော်ပင်ဖြစ်သည်။ တင်သားအိအိလေးတွေနဲ့ပေါင်းရင် အသဲပုံစံရှိတာ တည်မြဲသတိထားမိသည်။

" မောင် ငါ့ဆံပင်တွေနာနေပြီ "

တည်မြဲ သူ့ဆံပင်တွေကိုဆောင့်ဆွဲထားရာကလွှတ်ပေးလိုက်သည်။ သူ့ကိုနာကျင်အောင်ဆွဲတာမဟုတ်သလို အားလည်းထည့်မထားပါ ၊သူ့ဆံပင်တွေက နူးညံ့နေတာကြောင့် တည်မြဲ၏လက်စွပ်နှင့်ငြိသွားတာဖြစ်သည်။ သူနဲ့မျက်လုံးချင်းအတော်ကြာစုံပြီး သူ့တစ်ကိုယ်လုံးကို နေရာအနှံ့လိုက်ကြည့်ပြီး အကဲခတ်နေတော့ တည်မြဲမျက်နှာကို သူ့လက်တွေနဲ့ အုပ်သည်။

ASTILLBE (Completed)Where stories live. Discover now