Facts About My Characters ( Must read!)

9.7K 378 19
                                    

Zawgyi 

အများစုမေးတတ်တဲ့မေးခွန်း​လေး ဖြေပေးပါ့မယ်ရှင်။

တည်မြဲကမ္ဘာက မဟေမာန်စိုးနဲ့တွဲတယ်ဆိုတာက cheating လုပ်တဲ့ခေါင်းစဉ်အောက်ဝင်လားဆိုရင် ဝင်ပါတယ်။

Skinship သိပ်မလုပ်ဘူး ၊ အတူမနေဘူး ၊ ယုတ်စွအဆုံး ထိုမိန်းခလေးအပေါ် အခွင့်ရေးယူဖို့ကို စိတ်မဝင်စားခဲ့ဘူးဆိုရင်တောင် အိမ်ထောင်ရှိလျက်နဲ့ တစ်ခြားအမျိုးသမီး တစ်ယောက်နဲ့ တွဲသွားတွဲလာလုပ်တယ် Relationship ချိတ်တယ်ဆိုတာက cheating ဆိုတဲ့ခေါင်းစဉ်ထဲဝင်ပါတယ်။ ( ရည်းစားဟောင်းဖြစ်ပါစေဦးပေါ့)

မင်းဟာအိမ်ထောင်ရှိတယ် သို့သော် မင်းက ကိုယ့်ကြင်ဖက်မဟုတ်ပဲ သူများအပေါ် သရိုးသယီစိတ်ကလေးရှိတယ်ဆိုရင်တောင် cheating ခေါင်းစဉ်အောက်ဝင်တယ်လို့ကိုယ်ခေါင်းစဉ်တပ်တယ်။ လူတိုင်းခံစားချက်ရှိတတ်ကြတာမို့ အဲ့ဒါကို လူတိုင်းရဲ့အားနည်းချက်လို့မှတ်ယူပြီး skipလိုက်ကြရအောင်။ skipကြတာများမှာပါ။ 

အိမ်ထောင်ရှိယောကျာ်းတိုင်း သစ္စာအရမ်းရှိကြတယ်ဆိုတာ ရှိတော့ရှိတယ် ရှားပါတယ်။ ပြောချင်တဲ့ message ကလည်းဒါပဲ။ နောက်ဆုံးမှာတော့ အိမ်သည်သာ အနွေးထွေးဆုံးနေရာဆိုတာ သူသိသွားပါတယ်။ ချစ်ခြင်းမေတ္တာရှိတဲ့နေရာကသာ အနွေးထွေးဆုံးပါ။

ကိုယ့်ပတ်ဝန်းကျင်မှာအများကြီးမြင်ဖူးတယ် အိမ်မှာမိန်းမရှိတယ် သားသမီးရှိတယ် ၊ ဒါပေမယ့် လူအများနဲ့အလုပ်တွဲလုပ်လာရတဲ့အခါ ပိုက်ဆံလေးဝင်လာတဲ့အခါ သုံးချင်တယ် ဖြုန်းချင်တယ် သောက်ချင်တယ် ၊ အပျော်ရှာချင်လာတယ် ဒါကိုကိုယ်နားလည်တယ် ၊ ဒါပေမယ့် နောက်ဆုံးတော့ အပျော်ဆိုတာက ဘယ်တော့မှကောင်းကျိုးမပေးခဲ့ပါဘူး။

ကိုယ့်ပတ်ဝန်းကျင်က အဖြစ်ကို သံဝေဂရပြီး တည်မြဲတို့ကိုဖန်တီးခဲ့တယ်ဆိုရင် လွန်ရာရောက်တယ်လို့ ကိုယ်မထင်ပါ။

ASTILLBE ကိုဖတ်ဖူးရင် ကိုယ်ပေးချင်တဲ့ message ကိုကောင်းကောင်းကြီးမြင်မယ်ထင်တာပဲ။
မှိုင်းညို့ရဲ့ အချစ်ကြီးတာနဲ့ တည်မြဲကမ္ဘာရဲ့ ထင်ရာစိုင်းတတ်တဲ့စရိုက် ၊ ဒေါသကြီးတဲ့စရိုက်

ASTILLBE (Completed)Where stories live. Discover now