Part (49) ( မောင့်ကို သူတိုခေါ်သွားကြတယ်!! )

41.7K 2.9K 90
                                    

Zawgyi

" တောင်းပန်ပါတယ်ရှင် တောင်းပန်ပါတယ် လမ်းမှာယာဉ်တိုက်မှုတစ်ခုဖြစ်ပြီး လမ်းပိတ်နေလို့ တစ်ခြားလမ်းကနေ လာခဲ့ရလို့ နောက်ကျသွားတာပါ "

" သြော် ကိစ္စမရှိဘူး သမီး ၊ အန်တီနဲ့လိုက်ခဲ့ သခင်လေးညို့ရဲ့အခန်းကိုပြပေးမယ် ၊ လက်တော့သေချာဆေးခဲ့နော် "

သူနာပြုဆရာမလေးက ပြာယာခတ်နေတာကြောင့် ဒေါ်ဝင်းသတိပေးလိုက်ခြင်းဖြစ်သည်။ သူနာပြုဆရာမလေး လက်ကိုသေချာဆေးလိုက်ပြီး သူ့အားအခန်းလိုက်ပြပေးသည့် အန်တီကြီးနောက်မှ တိတ်တိတ်ဆိတ်ဆိတ်လိုက်လာလိုက်၏။ အခန်းထဲရောက်တော့ အမျိုးသားတစ်ယောက်ကိုအရင်ဆုံးတွေ့သည်။ မျက်နှာခပ်ချိုချိုနှင့် ချောချောလေးဖြစ်တာကြောင့် ငေးမိသွားသော်လည်း ရှေ့မှပိတ်ရပ်ကာ ကာလိုက်သော အမျိုးသားနောက်တစ်ယောက်ကြောင့် မော့ကြည့်မိသွားသည်။

ဘုရားရေ အရပ်ကလည်း တော်တော်ကိုရှည်တာ။ စားမလိုဝါးမလိုကြည့်နေတာကြောင့် မြန်မြန်ပဲခေါင်းငုံ့လိုက်ရ၏။

" သခင်လေးညို့ကို ဘေးကနေအချိန်ပြည့် စောင့်ပေးမယ့် သူနာပြုရောက်လာပါပြီ သမီး ဒါက သမီးပြုစုပေးရမယ့်သူပဲ "

" သူပြုစုပေးစရာမလိုပါဘူး ဒေါ်ဝင်း ၊ ကျွန်တော်က အကုန်လုပ်ပေးမှာ သူကတော့ ဘယ်လိုလုပ်ရမယ်ဆိုတာပြောပေးရုံပဲ ၊ သူ့အလုပ်က ဒီလောက်ပဲ "

ဖြတ်ပြောလိုက်တဲ့ တည်မြဲကမ္ဘာကြောင့် ဒေါ်ဝင်းက ပိုရန်ကောဆိုတဲ့အကြည့်နဲ့ကြည့်ကာ နှာခေါင်းရှုံ့၏။ သူနာပြုဆရာမကတော့ သိပ်မအံ့သြပါ။ ဘေးကနေပြောပြပေးရုံပဲဆိုတော့ အလုပ်ရှုပ်တောင် သက်သာသေးတယ်။

" ကျွန်မနာမည်ရွှေရည်ပါ အခု လူနာရဲ့ "

" သူ့ကို သခင်လေးလို့ခေါ်ရမယ် "

" ရှင် ဟုတ် ဟုတ်ကဲ့ သခင်လေးကို စမ်းသပ်ကြည့်ခွင့်ပြုပါ "

တည်မြဲခေါင်းငြိမ့်ပြတော့ သူနာပြုက မှိုင်းညို့ကိုစမ်းသပ်သည်။ စမ်းသပ်ရင်းတွေးနေမိတာက အံ့သြစရာကောင်းသည်ဆိုတဲ့အချက်ပင်ဖြစ်သည်။ အမျိုးသားကိုယ်ဝန်ဆောင်တဲ့ ၊ ဒါမျိုးတွေကြားဖူးပေမယ့် အမျိုးသားကိုယ်ဝန်ဆောင်တစ်ယောက်ကိုတော့ ပထမဆုံးမြင်ဖူးခြင်းပင်ဖြစ်သည်။ ပြီးတော့ ဤသို့ကိုယ်ဝန်ဆောင်နိုင်ခြင်းကိုလည်း လေးစားမိသည်။

ASTILLBE (Completed)Where stories live. Discover now