Part (56) (ကြောင်ငပျင်းလေး ငိုနေပြီ)

33.5K 2.6K 66
                                    

Zawgyi

" အဲ့ဒါနဲ့ မင်းက သူ့ကိုထားပြီးထွက်လာခဲ့တယ်ပေါ့ "

Key ခေါင်းငြိမ့်တော့ ကိုဇက်က အားမရသလို ဆူငေါက်လာသည်။ သူမနိုးခင်ထွက်လာပြီးတော့ ကိုဇက်အိမ်ကို ပြေးလာခဲ့လိုက်တာ။ ကိုဇက်နဲ့ သူ့အမျိုးသမီးက နေမထွက်ခင်အချိန်မှာပဲ သူတို့တံခါးရှေ့ရောက်နေတဲ့ Keyကိုတွေ့တော့ တအံ့တသြ။ မတတ်နိုင်ဘူးလေ ၊ အားကိုးရာဆိုလို့ သူတို့ပဲရှိတဲ့ဟာကို။ Keyရဲ့ အဝတ်အစားတွေဖရိုဖရဲဖြစ်နေတာမြင်တော့ ကိုဇက်ကအထဲကိုအသစ်ဆွဲသွင်းပြီး သူ့အကျီတွေပေးဝတ်ထားတာဖြစ်သည်။ လွန်ခဲ့တဲ့တစ်နှစ် ထွက်သွားခဲ့တုန်းက ကိုယ်တိုင်လည်း ဘယ်သွားရမယ်ဆိုတာတွေးမရ။

နောက်မှ ဂျပန်က ကိုဇက်တို့ကိုသတိရသွားပြီး အဲ့ဒီမှာအခြေချခဲ့တာဖြစ်သည်။ တစ်နှစ်ပြည့်ပြီးတော့ ကိုဇက်နဲ့ သူ့အမျိုးသမီးက ယောက္ခမတွေကိုကန်တော့ဖို့ မြန်မာကိုပြန်သည်။ တစ်နှစ်လုံးနီးပါး စိတ်ဒဏ်ရာနဲ့ အလွမ်းဒဏ်ရာပိနေတဲ့ သူ့အတွက်တော့ အတိတ်ဆိုတာ ငရဲတစ်ခုဖြစ်သည်။ ရဟန်ခွန်းသ၏ အဖေ ဦးမင်းရောင်က Keyသိချင်နေသောမေးခွန်းများကို လူချင်းတွေ့ကာဖြေပေးခဲ့သည်။ သိလိုက်ရသည့်အချိန်တွေတုန်းက မယုံကြည်နိုင်ခဲ့ပေ။ ရဟန်ခွန်းသက ဖေဖေ့သားဆိုတာဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတဲ့လဲ။

Keyမယုံမှန်းသိတော့ ဦးမင်းရောင်က ပုံတစ်ပုံပြလာသည်။ ဖေဖေနဲ့ ဦးမင်းရောင်ရဲ့လေးနက်တဲ့ဆက်ဆံရေးကိုသိလိုက်ရပြီးနောက် Key ဘာကိုမှမတွေးနိုင်တော့ပေ။ ဖေဖေက မေမေနဲ့အတူရှိနေရရင် ဘယ်တော့မှ ပျော်ရွှင်နေသည့်ပုံစံမပြဖူးပေ။ Keyကိုတော့ ကလေးငယ်လေးဖြစ်တာကြောင့် ဖေဖေက ဂရုတစိုက်ချီပွေ့ပါသည်။ နောက်တော့ဖေဖေပျောက်သွား၍ Keyတို့သားအမိဒုက္ခရောက်ခဲ့ကြသည်။ မေမေ့မှာက ကင်ဆာရှိနေတဲ့အပြင် မေမေက သူနေမကောင်းဖြစ်ရင်တောင်မှ အမျိုးတွေဆီကနေ ပိုက်ဆံချေးငှါးဖူးသည်မဟုတ်။

ဖေဖေ ပျောက်သွားတာ ဦးမင်းရောင်လက်ချက်မှန်း မေမေကတော့ သိပုံပေါ်ခဲ့သည်။ ဦးမင်းရောင်ထင်သလို မေမေက အသည်းမာသူတော့မဟုတ်ခဲ့ပါ။ ဖေဖေ့ကိုပြန်ခေါ်ဖို့ Key ပူဆာခဲ့သော်လည်း မေမေက ခေါင်းယမ်းသည်။ နှစ်အတော်ကြာပြီးတော့ မေမေ့ကင်ဆာဝေဒနာက ဆိုးဝါးလာခဲ့သည်။ မတတ်နိုင်တဲ့အဆုံးမှ ဦးမင်းရောင်နဲ့ဖေဖေ့ဆီကို ရောက်လာခဲ့တာဖြစ်သည်။ သို့သော်လည်း သူတို့သားအမိနှင်ထုတ်ခံရသည်။ ဖေဖေကလည်းထွက်မတွေ့သလို ဦးမင်းရောင်ကလည်းပေါ်မလာပေ။

ASTILLBE (Completed)Where stories live. Discover now