Extra (7) ( Lovers )

26.5K 1.8K 148
                                    

Zawgyi

" စိတ်ချမယ်နော် ကောင်းကောင်း ၊ သားကြီးက ညီလေးကိုဂရုစိုက် ကြားလား ဖေဖေပြောတာ "

" ဟုတ်ကဲ့ပါ "

ပျော်ပွဲစားထွက်ရန်စီစဉ်ထားတဲ့နေ့ဖြစ်ပေမယ့် အမေက နေမကောင်း၍ ညို့တို့မသွားဖြစ်ပါ။ အမှန်တကယ်ဆိုရင် ကလေးတွေက အရမ်းစိတ်အားထက်သန်နေခဲ့တာမို့ မသွားရရင် မျှော်လင့်ချက်တွေပျက်သွားမှာလည်းစိုးရိမ်မိသည်။ အချိန်ကိုက်ဖြစ်သွားသည်က သျှန်ဆက်ကောင်းကလည်း ဒီနေ့ရိုက်ကွင်းရှိတာကြောင့် အမြွှာနှစ်ယောက်ကိုခေါ်သွားပေးမယ်ဟု ပြောလာခြင်းဖြစ်သည်။ သမီးလေးကတော့ ငယ်သေးတာမို့ အိမ်မှာကျန်ခဲ့ရမှာဖြစ်၏။

" စိတ်မပူပါနဲ့ ဦးဦးဖေဖေ ကလေးနှစ်ယောက်ကို ကောင်းကောင်းဂရုစိုက်ပါ့မယ် "

" ကောင်းကောင်းနဲ့ဆို စိတ်ချပါတယ် အခုကောင်းကောင်းကို တာဝန်လွှဲပြောင်းပေးလိုက်ပြီနော် "

ကောင်းကောင်းက ခေါင်းငြိမ့်သည်။ အမြွှာလေးနှစ်ယောက်ကို ကားပေါ်အရင်တတ်ခိုင်းပြီးမှ ကောင်းကောင်း သူတို့ဘေးမှာထိုင်လိုက်သည်။

" ကိုကို ဘွားဘွားက အရမ်းနေမကောင်းဖြစ်နေတာလားဟင် "

" ဘွားဘွားက အသက်ကြီးပြီ နောက်ဆို ဘွားဘွားကို မချီခိုင်းနဲ့ ညီလေး "

" ကိုကိုလည်းချီခိုင်းတာပဲကို "

" အဲ့ဒါ ဘွားဘွားနေမကောင်းမှန်း မသိလို့ အခုသိပြီဆိုတော့ ဘွားဘွားကို ကူညီရမယ် "

" ဘွားဘွားကို ဘယ်လိုကူညီရမှာလဲ "

" ဘွားဘွားကို အလိုလိုက်ရမှာ "

အမြွှာလေးနှစ်ယောက်က ခေါင်းတငြိမ့်ငြိမ့်နဲ့ဖြစ်သည်။ သျှန်ဆက်ကောင်း သဘောတကျဖြစ်ကာ ပြုံးလိုက်၏။ ငယ်က သျှန်ဆက်ကောင်းနဲ့ သူ့အကိုရဲ့ကြားထဲမှာဖြစ်သည်။ နှစ်ယောက်ကြားထိုင်ပြီး အနွေးဓာတ်ရနေ၍ တင်ပုလ္လင်ခွေထိုင်ကာ လွယ်အိတ်လေးကိုပေါင်ပေါ်တင်ထားလေသည်။ ကောင်းကောင်း ယောက်ဖလေးကိုကြည့်လိုက်တော့ ယောက်ဖလေးက ကားမှန်ကနေအပြင်ကိုကြည့်နေ၏။ သူက တိတ်တိတ်ဆိတ်ဆိတ်နေရတာကိုသဘောကျပုံပေါ်သည်။ ကောင်းကောင်းက ငယ်လေးရဲ့ ပုခုံးပေါ် လက်တင်ကာ ကိုယ်ကိုအနည်းငယ်ငုံ့ကိုင်းလိုက်သည်။

ASTILLBE (Completed)Where stories live. Discover now